ဗီယက်နမ်နိုင်ငံက တရုတ်နှင့်လာအိုနိုင်ငံတို့သို့ ဆက်သွယ်ထားသည့် အဝေးပြေးလမ်းမသုံးခုကို အဆင့်မြှင့်တင်မည်

အောက်တိုဘာ ၄

       ဗီယက်နမ်နိုင်ငံက အရှေ့ – အနောက် စင်္ကြံ တစ် လျှောက်ကုန်သွယ်ရေးလုပ်ငန်းများ တိုးမြှင့်ဆောင် ရွက်နိုင်ရန်အတွက် နိုင်ငံအတွင်းရှိ အမျိုးသားအဝေးပြေးလမ်းမသုံးခုကို အဆင့်မြှင့်တင်မည်ဖြစ်ကြောင်း ဗီယက်နမ်နိုင်ငံ လမ်းလုပ်ငန်းဌာန က ပြောကြားသည်။ ယင်းအဝေးပြေးလမ်းမများသည် ဗီယက်နမ် နှင့် လာအိုနိုင်ငံမြောက်ပိုင်း၊ တရုတ်နိုင်ငံတောင်ပိုင်းဒေသများကို ဆက်သွယ်ထားသည်။

       ၎င်းစီမံကိန်းဆောင်ရွက်ရေးအတွက် ကမ္ဘာ့ဘဏ်မှ ချေးငွေများကို အသုံးပြုမည်ဖြစ်ပြီး ၂၀၂၅ ခုနှစ်မှ ၂၀၂၉ ခုနှစ်အထိ ငါးနှစ်ကြာ အကောင်အထည်ဖော်ဆောင်ရွက်မည် ဖြစ် ကြောင်း ဗီယက်နမ်နယူးစ် သတင်းဌာနက ယမန်နေ့တွင် ရေးသားဖော်ပြသည်။ အဆိုပါ စီမံ ကိန်းတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုတန်ဖိုးမှာ ဗီယက်နမ် ဒေါင် ၉ ဒသမ ၄ ထရီလီယံ ခန့်ရှိပြီး အမေရိကန်ဒေါ်လာ သန်း ၃၄၀ ခန့်နှင့် ညီမျှကာ ကမ္ဘာ့ဘဏ်မှ ချေးငွေ အရင်း အနှီး ဒေါင် ၇ ဒသမ ၅ ထရီလီယံ (ဒေါ်လာ ၃၁၅ သန်း) ကျော်ရရှိမည်ဖြစ်သည်။ အဆင့်မြှင့်တင်မည့် အမျိုးသား အဝေးပြေးလမ်းများမှာ 279၊ 4Hနှင့် 217 စသည့် လမ်းမများဖြစ်ပြီး စုစု ပေါင်းအရှည် ကီလို မီတာ ၁၈၀ ကျော်ရှိသည်။

        အဆိုပါ အဝေးပြေးလမ်းမများ အဆင့်မြှင့်တင် ခြင်းနှင့် ဆန်းသစ်တီထွင်မှုသည် ယာဉ်သွားလာမှုစွမ်းရည်ကို မြှင့်တင်ရန်နှင့် တိုးပွားလာသော သယ်ယူပို့ ဆောင်ရေး လိုအပ်ချက်များကို ဖြည့် ဆည်းပေးရန်အတွက်ဖြစ်ပြီး ဗီယက်နမ်မြောက်ပိုင်းနှင့်တရုတ်နိုင်ငံတောင်ပိုင်းအကြား သွားလာရသည့် အကွာအဝေးကို လျော့နည်းစေမည်ဖြစ်သည်။

#PAN