တာချီလိတ်မြို့တွင် ခရီးသည်များက ဆိုင်ကယ်တက္ကစီသမားများကို ဓါးဖြင့်ထိုး၍ ဆိုင်ကယ်လုယက်မှု ဖြစ်ပွားနေ

အောက်တိုဘာ ၄

      ယမန်နေ့ မွန်းလွဲ ၁၁ နာရီအချိန်ခန့်တွင် ရွှေတာချီလူမှုကူညီရေးအသင်း၏ အခါဈေးဂိတ်မှ အသင်းသား(၈၃၅)‌ ဦးဇော်လင်းဦး ကို ခရီးသည်က ဓါးဖြင့်ထိုး၍ ဆိုင်ကယ်လုယက်မှု ဖြစ်ပွားခဲ့
ကြောင်း သိရပါသည်။

        ဖြစ်စဉ်မှာ ရွှေတာချီလူမှုကူညီရေးအသင်း ၏ အခါဈေးဂိတ်မှ ဦးဇော်လင်းဦး ကို တိုင်းရင်း သားရုပ်ပေါက်သူ ခရီးသည်တစ်ဦးက မယ်လိပါကော်ရွာသို့ ပို့ဆောင်ပေးပါရန် ဆိုင်ကယ်တက္ကစီ ငှားရမ်းရာ ခရီးသည်အား တင်ဆောင်၍ပို့ဆောင်ပေးခဲ့ကြောင်း၊ ထိုသို့ ပို့ဆောင်ပေးရာတွင် ခရီး သည်ပို့ဆောင်ခိုင်းသော မယ်လိပါကော်ရွာမရောက်ခင် တံတားအသစ်နေရာ၌ ၎င်းခရီးသည်မှ နောက်ကျောကိုဓါးဖြင့်ထိုးပြီး လည်ပင်းအား ဓါးဖြင့်လှီးဖြတ်ရာ နောက်ကျောဓါးထိုးဒဏ်ရာထိ ခိုက်ခံရသော်လည်း လည်ပင်းအား ထိခိုက်မှုမခံရပဲ မေးစေ့အောက်ပြတ်ရှ ဒဏ်ရာသာ ရရှိခဲ့ကြောင်း၊ ဦးဇော်လင်းဦး က ပြန်လည် ခုခံတိုက် ခိုက်ခြင်းကြောင့် ထိုခရီးသည်မှာ ထွက်ပြေးတိမ်း‌ ရှောင်သွားပြီး ဆိုင်ကယ်လုယူခံရခြင်းမှလွတ် မြောက်ခဲ့ကြောင်း သိရပါသည်။

      ၎င်းနောက် ဦးဇော်လင်းဦး သည် ဒဏ်ရာဖြင့်ဆိုင်ကယ် ပြန်လည်မောင်းနှင်လာပြီး မယ်ယန်း ဆေးခန်း အနီးသို့ရောက်ရှိလာကာ ရွှေမယ်ယန်း
ပရဟိတအသင်းမှ ပြည်သူ့ဆေးရုံကြီးသို့ ပို့ ဆောင်ပေးခဲ့ကြောင်းသိရှိရပါသည်။

      ထိုဖြစ်ရပ်အား အခါဈေးဂိတ် အသင်းသားတစ်ဦးမှ ရွှေတာချီအသင်းရုံးသို့ သတင်းပေး အကြောင်းကြားသဖြင့် ဥက္ကဌဦးဘိုစံနှင့် ကော်မ တီ၀င်အဖွဲ့တို့သည် နယ်မြေခံရဲစခန်းမှူး ၊နယ်ထိန်းတို့အားဆက်သွယ်အကြောင်းကြား၍ အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်ခဲ့ကြပြီး မိုင်းကိုးပြည် သူ့စစ်အဖွဲ့နှင့် ရွှေမယ်ယန်းပရဟိတအဖွဲ့တို့ပါ၀င်၍ ဓါးဖြင့် တိုက်ခိုက်လုယက်သူခရီးသည်အား ကွင်းဆင်းရှာဖွေစစ်ဆေးခဲ့ကြသော်လည်း လုယက်သူခရီးသည်အား ရှာဖွေတွေ့ရှိရခြင်းမရှိသေးကြောင်း သိရှိရပါသည်။

      အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ ရွှေတာချီအသင်းသားများအနေဖြင့် ဆိုင်ကယ်တက္ကစီပြေးဆွဲကြရာတွင် သတိရှိကြရန် ၊ခရီးဝေးပို့ဆောင်ရပါက ဓာတ်ပုံမှတ်တမ်းယူထားကြရန် ၊ညဘက်ပြေးဆွဲရာတွင်လည်း အတင့်ရဲစွာမပို့ဆောင်ကြရန် တတ်နိုင်လျှင် ဆိုင်ကယ် ၂ စီးဖြင့် သွားရန် သတိပေးထားရှိကြောင်း သိရှိရပါသည်။

      တာချီလိတ်မြို့တွင် မူးယစ်ဆေးစွဲသူများ၊လောင်း ကစားဖြင့်ရှုံးသူအများစုသည် အလွယ် တကူ ငွေရရှိနိုင်မည့် ဆိုင်ကယ်တက္ကစီအသင်း သားများအပေါ်ရည်ရွယ်ချက်ထားလုပ်ဆောင်မှု့များ မကြာခဏဖြစ်ပွားလျှက်ရှိနေပြီး ယနေ့ နံနက်ပိုင်းမှာလည်း အသင်း သား(၈၅၄) ဦးကိုမင်းကို ဆိုင်ကယ်ခေါ်ပြီးဓားထောက်ဆိုင်ကယ်လုရာဆိုင်ကယ်သမားပြန်လည်ခုခံခဲ့သဖြင့် ဆိုင်ကယ်ပါသွားခြင်းမရှိ လူလည်းထိခိုက်မှု့အနည်း ငယ်သာဖြစ်သွားခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်းသတင်း ရရှိပါသည်။

#PAN