တပ်ကုန်းမြို့နယ် ၊ဝင်းကံ့ကော်ဆန်စက်ရှေ့တွင် အသား/ငါးရောင်းသူ အမျိုးသမီးတစ်ဦး ဓားဒဏ်ရာများဖြင့် လဲကျသေဆုံးနေသည်ကို တွေ့ရှိ

အောက်တိုဘာ ၄

   နေပြည်တော်၊ တပ်ကုန်းမြို့၊ အောင်ဇေယျာရပ်ကွက်၊ နယ်မြေ (၅)၊ အောင်သီဟလမ်း၊ စိုက်ခြံ တောင့်၊ ဝင်းကံ့ကော်ဆန်စက်ရှေ့တွင် အမျိုး သမီးတစ်ဦး ဓားဒဏ်ရာများဖြင့် လဲကျသေဆုံးနေကြောင်း သတင်းအရ ယမန် နေ့ည ၁၀ နာရီအချိန်ခန့်က တာဝန်ရှိသူများက သွားရောက်စစ်ဆေးရာ သေဆုံးသူသည် သား/ငါးရောင်း ဒေါ်ခင်ငြိမ်းရီ၊ ၃၄နှစ်၊(ဘ)ဦးအုန်းငွေ၊   နယ်မြေ(၉)၊ ဘုရင့်နောင်ရပ်ကွက်၊ တပ်ကုန်းမြို့နေသူဖြစ်ကြောင်း သိရသည်။ 

    အဆိုပါသေဆုံးသူ ဒေါ်ခင်ငြိမ်းရီ တွင် မျက် နှာတွင် ၄ လက်မခန့် ပြတ်ရှ၊ ယာလက်ကောက် ဝတ်ပြတ်၊ ဝဲလက်ဖျံ ပြတ်ရှ၊ ဝဲ/ယာ ဒူးခေါင်းအောက် ပြတ်ရှ ဒဏ်ရာများဖြင့် ‌လဲကျသေဆုံးနေကြောင်း၊ သေဆုံးသူ၏အနီးတွင် mdy-75w/*****၊ honda scoppyi အဖြူရောင် ၁ စီးအား မှောက်လျက်အနေအထားဖြင့် တွေ့ရှိရကြောင်း သတင်းရရှိပါသည်။ 

  အဆိုပါသေဆုံးသူ၏ အလောင်းအား တပ်ကုန်းမြို့နယ် ခုတင်(၁၀၀)ဆေးရုံသို့ ပို့အပ်ပြီး အမှုဖွင့်အရေးယူရန် စီစဉ်လျက်ရှိကြောင်း၊ မည်သည့်အကြောင်းကြောင့် မည်သူက သတ်ဖြတ်သွားသည်ကို စုံစမ်းဆဲဖြစ်ကြောင်း သိရှိရသည်။