ဆားတောင်မြို့တွင် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၉ဝ ကျော်အဖွားတစ်ဦး အပါအဝင် အမျိုးသမီး ၃ ဦးထိ ခိုက်ဒဏ်ရာရ

အောက်တိုဘာ ၄

      စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့တွင် အကြမ်းဖက်သမား PDF များက လက်နက်ကြီးများဖြင့် ပစ်ခတ်ရာမှ ဗုံးကျရောက် ပေါက်ကွဲမှုကြောင့် အသက် ၉ဝ ကျော်အရွယ် အဖွားတစ်ဦးအပါအဝင် အမျိုးသမီး ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

       အောက်တိုဘာလ ၁ ရက်နေ့တွင် အကြမ်း ဖက်သမား PDF များက ဆားတောင်မြို့ရှိ နယ် မြေရဲစခန်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက် ခိုက်ရာမှ ထိုလက်နက်ကြီးကျည်မှာ ရေကြည်ရပ်ကွက်ရှိ နေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

       ထိုကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၉၀ ကျော်အရွယ်ရှိသည့် အဖွားဒေါ်အုံးခင်၊ ၎င်း ၏သမီးဖြစ်သူ အသက် ၄၆ နှစ်အရွယ် မရွှေဖြစ်ပြီး ၎င်းမှာ ဒဏ်ရာပြင်းထန်ကြောင်း၊ ကျန်အမျိုး သမီးတစ်ဦးမှာ အသက် ၄၉ အရွယ် မမိုးတင်မှာ မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ 

       ထိုသို့ လက်နက်ကြီးဖြင့် ပစ်ခတ်သည့် အကြမ်း ဖက်အဖွဲ့မှာ ကြောင်လက်သည်းအကြမ်း ဖက်အဖွဲ့ဖြစ်ကြောင်း သိရသည်။ အဆိုပါ အကြမ်းဖက်အဖွဲ့နေဖြင့် လက်နက်ကြီးပစ်ခတ်နိုင် စနစ်တကျသင်ကြားထားခြင်းမရှိဘဲ ရမ်းသမ်းပစ်ခတ်ခြင်း၊ လက်လုပ်စိန်ပြောင်းများအသုံးပြုခြင်းကြောင့် ကျည်ကျရောက်ပေါက်ကွဲမီုမှာ တိကျမှုမရှိဘဲ ယခုလို အပြစ်မဲ့ အရပ်သားပြည်သူများ၏ နေအိမ်များပေါ်သို့ ကျရောက် ပေါက်ကွဲနေခြင်းဖြစ်ကြောင်း သိရပါသည်။

#PAN