အာရှအားကစားအမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲမှာ အင်ဒိုနီးရှားအသင်းနဲ့ မြန်မာအသင်းတို့ ဗိုလ်လုပွဲ တွေ့ဆုံ

အောက်တိုဘာ ၃
မြန်မာအမျိုးသား ပိုက်ကျော်ခြင်းအသင်းဟာ ဖိုင်နယ်အဆင့်သို့တက်ရောက်သွားပြီဖြစ်ကြောင်း သိရပါတယ်။ မြန်မာအမျိုးသားပိုက်ကျော်ခြင်းအသင်းသည် ယနေ့ အောက်တိုဘာ (၃) ရက်တွင် ဆီမီးဖိုင်နယ်အဆင့်၌ ဂျပန်ကို အနိုင်ရရှိပြီး ဖိုင်နယ်အဆင့်သို့တက်ရောက်သွားခဲ့ခြင်းဖြစ်ပါတယ်။
ပထမပွဲစဉ်တွင် ၂၁ မှတ် ၉ မှတ်ဖြင့် မြန်မာအနိုင်ရရှိခဲ့ပြီး ဒုတိယပွဲစဉ်တွင် ၂၁ မှတ် ၁၈ မှတ်ဖြင့် ဂျပန်က အနိုင်ရရှိခဲ့သည့်အတွက် တတိယပွဲစဉ် ဆက်လက်ကစားရာ မြန်မာအသင်းက ၂၁ မှတ် ၁၅ မှတ်ဖြင့် အနိုင်ရရှိပြီး ဗိုလ်လုပွဲသို့တက်ရောက်သွားခဲ့ခြင်းဖြစ်ပါတယ်။ မြန်မာအသင်းဟာ ဗိုလ်လုပွဲကို မနက်ဖြန်တွင် အင်ဒိုနီးရှားအသင်းနှင့် ယှဉ်ပြိုင်ကစားရမှာလည်းဖြစ်ပါတယ်။ Final သို့တက်ရောက်သွားသော မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအမျိုးသားလေးယောက်တွဲအသင်းအား မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်ဥက္ကဌနှင့်ဒုတိယဥက္ကဌတို့မှ ပြိုင်ပွဲကွင်းတွင်ဂုဏ်ပြုချီးမြှင့်ခဲ့ကြကြောင်းလည်း သိရပါတယ်။