အာရှအားကစား ပိုက်ကျော်ခြင်းပြိုင်ပွဲမှာ မြန်မာအသင်း ဆီမီးဖိုင်နယ်တက်ရောက်

အောက်တိုဘာ ၃
အာရှအားကစား အမျိုးသား ၄ ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲမှာ မြန်မာအသင်းဟာ ၂ ပွဲနိုင် ၁ ပွဲရှုံး အုပ်စုဒုတိယနေရာနဲ့ ဆီမီးဖိုင်နယ် တက်ရောက်‌လာခဲ့ပါတယ်။
အောက်တိုဘာ ၂ ရက်မှာ ယှဉ်ပြိုင်ခဲ့တဲ့ အုပ်စုနောက်ဆုံးပွဲစဉ်မှာ ဗီယက်နမ်အသင်းကို ၂ ပွဲ ၁ပွဲနဲ့ အနိုင်ယူပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။
မြန်မာအသင်းဟာ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ဖိလစ်ပိုင်အသင်းနဲ့ အောက်တိုဘာ ၃ ရက် မြန်မာစံတော်ချိန် နေ့လယ် ၁၂ နာရီခွဲမှာ ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းသိရပါတယ်။