အရှေ့တောင်အာရှ၏ ပထမဆုံးမြန်နှုန်းမြင့်ရထားကို အင်ဒိုနီးရှား၌ စတင်ပြေးဆွဲ

အောက်တိုဘာ ၃

        အရှေ့တောင်အာရှဒေသအတွက် ပထမဆုံးဖြစ် လာသော မြန်နှုန်းမြင့်မီးရထားကို အင်ဒိုနီးရှား နိုင်ငံ၌ အောက်တိုဘာလ ၂ ရက်တွင် စတင်ပြေးဆွဲကြောင်း သိရသည်။ အဆိုပါစီမံကိန်းသည် အမေရိကန်ဒေါ်လာ ဘီလီယံပေါင်းများစွာတန်ကြေးရှိပြီး တရုတ်နိုင်ငံ၏ ထောက်ပံ့မှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်သည်။

          ယခင်က ၃ နာရီကြာ မီးရထားစီးရသည့် ကီလို မီတာ ၁၄၀ အကွာအဝေးရှိ ဂျာကာတာမြို့သို့ သွားခဲ့ရသည့် ခရီးစဉ်ကို တစ်နာရီလျှင် ၃၅၀ ကီလို မီတာ မြန်နှုန်းမြင့်မီးရထားဖြင့် ၄၅ မိနစ်အတွင်း ရောက်ရှိနိုင်မည် ဖြစ်သည်။ ယခုကဲ့သို့ မြန်နှုန်းမြင့်ရထားကို ပြေးဆွဲနိုင်ခြင်းသည် နိုင်ငံ ၏အရပ်ဘက်သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွင် အဆင့်မြှင့်တင်မှုဖြစ်ပြီး တစ်ချိန်တည်းမှာပင် အခြားသောသယ်ယူပို့ဆောင်ရေး နည်းလမ်းများနှင့် ပေါင်းစပ်ခြင်းဖြစ် ကြောင်း အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ပြောသည်။

       အဆိုပါမြန်နှုန်းမြင့် မီးရထားစီးမံကိန်းသည် တရုတ်အစိုးရက အကောင်အထည်ဖော်နေသော ခါးပတ်ကွင်းနှင့် လမ်းကြောင်းစီမံကိန်း၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း CNA သတင်းဌာန ဖော်ပြ ချက်အရသိရသည်။

#PAN