အနောက်လန်ဒန်ဒါဘီမှာ နိုင်ပွဲပြန်ရခဲ့တဲ့ ပိုချက်တီနိုရဲ့ချယ်လ်ဆီး

Photos: Chelsea

အောက်တိုဘာ ၃
ယနေ့နံနက်အစောပိုင်းက ပရီးမီးယားလိဂ်ပွဲစဉ်(၇)အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ ချယ်လ်ဆီးအသင်းက ဖူလ်ဟမ်ကို ၂-၀ ဂိုးဖြင့် အနိုင်ရပြီးနောက် ရမှတ်(၈)နဲ့အဆင့်(၁၁)နေရာသို့ ရောက်ရှိခဲ့ကာ ပရီးမီးယားလိဂ်တွင် သြဂုတ် ၂၅ နောက်ပိုင်း နိုင်ပွဲပြန်လည်ရရှိခြင်းလည်းဖြစ်ပါတယ်။
မူဒရစ်ခ်ရဲ့ ချယ်လ်ဆီးအတွက် ပထမဆုံးဂိုး ၊ ဘရိုဟာရဲ့ ရက်ပေါင်း (၃၅၉)ရက်အကြာမှ ပြန်လည် သွင်းယူနိုင်ခဲ့တဲ့ ဂိုးတွေနဲ့ လန်ဒန်ဒါဘီမှာ ချယ်လ်ဆီးတို့ နိုင်ပွဲရရှိခဲ့ပါတယ်။
ထို့ပြင် အာဆင်နယ်(၁၅၁ ပွဲ)ပြီးနောက် ပရီးမီးယားလိဂ် လန်ဒန်ဒါဘီနိုင်ပွဲ ပွဲ ၁၅၀ ပြည့်ခဲ့ပြီး လန်ဒန်ဒါဘီ ၆ ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေမှုကို ရပ်တန့်နိုင်ခဲ့ကြောင်း သိရပါတယ်။