သံပုရာသီးရဲ့ ကျန်းမာရေး ကောင်းကျိုးများ

PAN ၏ ကျန်းမာရေးကဏ္ဍ

      သံပုရာသီးအစိမ်းရဲ့ အခွံကိုစားပေးပါကလေနာ၊ ရင်နာရောဂါတွေကို သက်သာ ပျောက် ကင်းစေပါတယ်။

      သံပုရာရည်ကို သောက်ခြင်းအားဖြင့် မောပန်းနွမ်းနယ်မှုကို ပြေပျောက်စေပြီး ဝမ်းဗိုက်မှာ ဖြစ်ပေါ်တတ်တဲ့ ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။

      သံပုရာသီးတစ်လုံးကို မီးကျွမ်းအောင်ဖုတ်၍ လေးညှင်းတစ်ပွင့်နဲ့ ထည့်ကျိတ်ပြီး သွားဖုံးရင်းတွင် သိပ်ပေးသော် သွားကိုက်သွားနာခြင်းကို ပျောက်ကင်းစေပါတယ်။

      သံပုရာရည်ကို သကြားခတ်ပြီး သောက်ပါက ခန္ဓာကိုယ်မှာ အဆီများ၍ချောင်းဆိုးခြင်း၊ သည်း ခြေအားနည်းခြင်း၊ ကိုယ်လက်အဆစ်အမြစ် ကိုက်ခဲခြင်းများ ပျောက်ကင်းစေပါတယ်။

      သံပုရာရည်ကို သကြားအနည်းငယ်ထည့်ကာ များများသောက်ပေးပါက အစာအဆိပ်သင့်ခြင်း၊ အရက်မှဖြစ်တဲ့ အဆိပ် စသည်တို့ကို ပျောက် ကင်းစေပါတယ်။

       ဒါ့အပြင် ယားနာ၊ ပွေးနာ၊ အရေပြားမှာ အမည်းကွက်တွေပေါ်လာခြင်း၊ အမွှေးများကျွတ်ခြင်းတွေ ဖြစ်ပါက သံပုရာခြမ်းနဲ့ ပွတ်တိုက်ပေးပါက သက်သာပျောက်ကင်းစေပါတယ်။

      သံပုရာဖျော်ရည်ကို နေ့စဉ်သောက်ပေးပါက အထိုင်အထလုပ်စဉ် ဖြစ်တတ်သော မူးဝေခြင်း၊ မိုက်ကနဲ ဖြစ်ခြင်း တွေကို ပျောက်ကင်းစေပါတယ်။

      ထမင်းစားပြီးနောက် အန်ချင်သလို ပျို့ချင်သလို ဖြစ်တတ်ပါက လတ်ဆတ်တဲ့ သံပုရာရည်ကိုသောက်ရပါတယ်။ သံပုရာရည်မှာ သကြားခတ်ကာ မနက်တစ်ကြိမ်၊ ညတစ်ကြိမ်စီသောက်ပေးပါက သွားမှ သွေးယိုစီးခြင်းကို ပျောက်ကင်းစေပါတယ်။

     သံပုရာသီးသနပ်ကို ထမင်းနဲ့ နေ့စဉ်စားသုံးပါက သရက်ရွက်ကြီးတဲ့ရောဂါကို ပျောက်စေပါတယ်။

     သံပုရာရည်နွေးနွေးကို ပျားရည်နဲ့ ရောစပ်၍ တစ်နေ့နှစ်ကြိမ်မျှ လျက်ပေးပါက လည်ချောင်းနာခြင်းကို ပျောက်စေပါတယ်။ ဒါ့အပြင် သံပုရာခေါက်ကို နံနက်တစ်ကြိမ်၊ ညတစ်ကြိမ်စီ ရေနဲ့ကျိုချက်ပြီး သောက်ပေးပါက အဖျား ပျောက်ပါတယ်။

#PAN