ဝေါမြို့နယ်နှင့် ကျောက်ဆည်မြို့တို့တွင် မူးယစ် ဆေးဝါးများ သိမ်းဆည်းရမိ

မောင်ဇော်ဝင်းအား သိမ်းဆည်းရမိသည့် အိုက်စ်များနှင့်အတူတွေ့ရစဉ်

အောက်တိုဘာ ၃

      ဝေါမြို့နယ်နှင့် ကျောက်ဆည်မြို့တို့တွင် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့ကြောင်းမြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

        မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် စက် တင်ဘာ ၃၀ ရက် နံနက် ၅ နာရီ ၁၀ မိနစ်တွင် ဝေါမြို့နယ် ညောင်ခါးရှည်ကျေးရွာအနီးတွင် ခရီးသည်တင်ယာဉ် တစ်စီးကိုရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်ပါခရီးသည် မောင်ဇော်ဝင်းထံမှ အိုက်စ် ၅ ကီလိုကိုလည်းကောင်း၊အလားတူ ယင်းနေ့မွန်းလွဲ ၂ နာရီခွဲတွင် မူးယစ်ဆေးဝါးတား ဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျောက်ဆည်မြို့ အောက်ချိုင်းရပ်ကွက် စည်ပင်လမ်း ရထားသံ လမ်းအနီးတွင် မသင်္ကာဖွယ်တွေ့ရှိသူ အေးမင်းသူ အား စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

#PAN