ပြည်နယ်လွှတ်တော်အမတ် တစ်ဦး ကိုယ်တိုင်မောင်းနှင်ပြီး မိသားစုများလိုက်ပါလာသည့် လေယာဥ်ငယ် တစ်စီးပျက်ကျ

အောက်တိုဘာလ ၃

     မြောက်ဒါကိုတာမှ ပြည်နယ်လွှတ်တော်အမတ်တစ်ဦးဖြစ်သူ Doug Larsen ၊ ၎င်း၏ဇနီးနှင့် ကလေးနှစ်ဦးတို့သည် လေယာဥ်ငယ်တစ်စီးဖြင့် ခရီးသွားရာ Utah တွင် ဆီဖြည့်ရပ်နားပြီးနောက် မကြာမီမှာပင် ပျက်ကျခဲ့ရာ  သေဆုံးခဲ့ကြောင်း အထက် လွှတ်တော်ခေါင်း ဆောင်တစ်ဦးက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

      Doug Larsen သေဆုံးမှုကို ရီပတ်ဘလစ်ကန် အထက်လွှတ်တော် လူများစုခေါင်းဆောင် David Hogue ထံပေးပို့သော အီးမေးလ်ဖြင့် တနင်္လာနေ့တွင် အတည်ပြုခဲ့ပြီး The Associated Press မှ ရရှိခဲ့သည်။

      အဆိုပါ လေယာဉ်သည် မောဘ သဲကန္တာရ အပန်း ဖြေမြို့ မြောက်ဘက် 15 မိုင် (24 ကီလို မီတာ) အကွာ Canyonlands Airfield မှ ပျံတက်ပြီး မကြာမီ တနင်္ဂနွေနေ့ ညနေပိုင်းတွင် ပျက်ကျခဲ့ကြောင်း Grand County Sheriff’s Department ၏ Facebook တွင် တင်ထားသည့် ကြေငြာချက်အရ သိရသည်။

      အထက်လွှတ်တော်အမတ်သည် ကိုယ်တိုင် လေ ယာဉ်မှူးအဖြစ်မောင်းနှင်ပြီး လေယာဉ်ပေါ်ပါ လူလေးဦးစလုံး သေဆုံးခဲ့ကြောင်း ရဲအရာရှိရုံးက ပြောသည်။

     Senate Chamber ရှိ Larsen ၏ စားပွဲခုံပေါ်တွင်  “D. Larsen – ခရိုင် ၃၄ ” ဟု စာတမ်းကပ်လျက် နှင်းဆီပန်းစည်းများချထားသည်။

      အဆိုပါ အင်ဂျင်တစ်လုံးတည်းသုံး Piper လေယာဉ်ပျက်ကျမှုအား စုံစမ်းစစ်ဆေးလျက်ရှိကြောင်း အမျိုးသားသယ်ယူပို့ဆောင်ရေးဘေးကင်းရေးဘုတ်အဖွဲ့မှ ယခင်က Twitter ဟုခေါ်သော လူမှုမီဒီယာဝက်ဘ်ဆိုက် X တွင် ရေးသားဖော်ပြခဲ့သည်။

     NTSB ပြောရေးဆိုခွင့်ရှိသူက ဘုတ်အဖွဲ့ စုံစမ်းစစ်ဆေးရေးမှူးတစ်ဦးသည် အခင်းဖြစ်ပွားရာနေရာသို့ တနင်္လာနေ့တွင် ရောက်ရှိမည်​ဖြစ် ကြောင်း ပြောကြားရာတွင် “အခင်းဖြစ်ပွားရာကို မှတ်တမ်းတင်ဖို့ ၊ လေယာဉ်ကို စစ်ဆေးဖို့ ၊ လေကြောင်းသွားလာမှုဆိုင်ရာ ဆက်သွယ်ရေး၊ ရေဒါဒေတာ၊ မိုးလေဝသ သတင်းပေးပို့ချက်များနှင့် သက်သေများထံ ဆက်သွယ်ဖို ဆောင်ရွက်မှာဖြစ်တယ် ” ဟု  NTSB မှ ပြော ရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ၎င်းအပြင် စုံစမ်းစစ် ဆေးရေးမှူးက လေယာဉ်၏ ပြုပြင်ထိန်းသိမ်းမှုမှတ်တမ်းများ၊ လေယာဉ်မှူး၏ ဆေးမှတ် တမ်းများနှင့် ပျံသန်းမှုမှတ်တမ်းများကို တောင်းဆိုပါလိမ့်မည်ဟု ၎င်းက ဆိုသည်။

        ခရိုင်ရီပတ်ဘလီကန်များသည် လာဆန်၏ လက် ကျန်သက်တမ်းကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလအထိ ဖြည့်စွက်ရန် ဆက်ခံမည့်သူအား ခန့်အပ်မည်ဖြစ် ကြောင်း၊ ၎င်း၏ဆီးနိတ်လွှတ်တော်နေရာသည် လာမည့်နှစ်တွင် မဲပေးမည်ဖြစ်ပြီး အောက် လွှတ်တော်နှင့် အထက်လွှတ်တော်တွင် ရီပတ်ဘလီကန်များက မြောက်ဒါကိုတာ၏ ဥပဒေပြု လွှတ်တော်ကို ထိန်းချုပ်ထားကြောင်း သိရသည်။

#PAN