အောက်တိုဘာ ၃
ယနေ့ မွန်းလွှဲ ၅နာရီကျော် အချိန်ခန့်က ရှမ်းပြည်နယ် အရှေ့ပိုင်း၊မိုင်းပျဉ်းမြို့နယ်၊ တုံတာမြို့၊ ပန်နောင်လုံ ကျေးရွာအုပ်စု၊ နောင်ချိုကျေး ရွာရှိ ဦးမြတ်ကိုကို ပိုင်ဆိုင်သော “ထွန်းသစ်စ” တည်းခိုခန်း/စားသောက်ဆိုင်သည် ဆိုလာမှ တစ်ဆင့်ဝါယာရှော့ ဖြစ်၍ မီးလောင် ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်နေမှု့ကို ရွာသူ၊ရွာသား ၄၀ ဦးခန့်မှ ဝိုင်းဝန်း မီးငြိမ်း သတ်ခဲ့ရာ မွန်လွဲ ၅နာရီ၃၅မိနစ်တွင် မီးညွန့်ကျိုးသွားခဲ့ပြီး ညနေ ၅ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့ ကြောင်း ၊အခြားအိမ်များသို့ ကူးစက်လောင်ကျွမ်းမှု မရှိကြောင်း၊ လူ/တိရစ္ဆာန် ထိခိုက်/သေဆုံးမှု မရှိကြောင်း သိရသည်။မီးလောင်ရာ နေရာသို့ မိုင်းပျဉ်းမြို့နယ် မီးငြိမ်းသတ်ယာဉ်(၁) စီး၊ တုံတာမြို့ မီးသတ်စခန်း မှ မီးငြိမ်းသတ်ယာဉ်(၁)စီးဖြင့် လည်းကောင်း အသီးသီးထွက်ခွာခဲ့သော်လည်း ၎င်းတို့ ရောက်ရှိချိန်တွင် မီးငြိမ်းသွားပြီးဖြစ် ကြောင်း သိရသည်။
အောက်တိုဘာ ၃
ယနေ့ မွန်းလွှဲ ၅နာရီကျော် အချိန်ခန့်က ရှမ်းပြည် နယ် အရှေ့ပိုင်း၊မိုင်းပျဉ်းမြို့နယ်၊ တုံတာမြို့၊ ပန်နောင်လုံ ကျေးရွာအုပ်စု၊ နောင်ချိုကျေး ရွာရှိ ဦးမြတ်ကိုကို ပိုင်ဆိုင်သော “ထွန်းသစ်စ” တည်းခိုခန်း/စားသောက် ဆိုင်သည် ဆိုလာမှ တစ်ဆင့်ဝါယာရှော့ ဖြစ်၍ မီး လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

#PAN