အောက်တိုဘာ ၃
အယ်လ်နာဆာတိုက်စစ်မှူးရော်နယ်ဒိုဟာ စက်တင်ဘာလအတွက် ဆော်ဒီလိဂ်တစ်လတာအကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ပါတယ်။ ဩဂုတ်လရဲ့ အကောင်းဆုံးကစားသမားဆုကိုလည်း သူပဲရရှိထားတာဖြစ်ပြီး ၂ လ ဆက်တိုက်ဆွတ်ခူးသွားနိုင်ခဲ့ပြီပဲဖြစ်တယ်။
စက်တင်ဘာလအတွင်းမှာ ရော်နယ်ဒိုက လိဂ်ပွဲ ၄ပွဲ ကစားခဲ့ပြီး ၅ ဂိုးသွင်းယူခဲ့ကာ ဖန်တီးမှု ၃ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။ အာရှချန်ပီယံလိဂ် ၂ပွဲကစားခဲ့ကာ ၁ဂိုးသွင်းယူနိုင်ခဲ့ပြီး စုစုပေါင်းအားဖြင့် သွင်းဂိုး ၆ ဂိုးနဲ့ ဖန်တီးမှု ၃ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။ ဆော်ဒီလိဂ်က သူ့ရဲ့စွမ်းဆောင်ရည်အတွက် တစ်လတာအကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခဲ့ကြောင်း သိရပါတယ်။