စီရော်နယ်လ်ဒိုရဲ့ AFC ချန်ပီယံလိဂ်မှာ ပထမဆုံးဂိုးသွင်း

Photos: Al Nassr

အောက်တိုဘာ ၃
မနေ့ညက ကစားခဲ့တဲ့ အယ်လ်နာဆာနဲ့ အစ်စတစ်လိုတို့ရဲ့ AFC ချန်ပီယံလိဂ်ပွဲမှာတော့ အယ်လ်နာဆာက နောက်ကလိုက်ကစားပြီး ပြိုင်ဘက်ကို ၃-၁ ဂိုးဖြင့် Comeback နဲ့ အနိုင်ရရှိခဲ့ပါတယ်။
ဒီပွဲမှာ အစ်စစတစ်လိုက ဦးဆောင်ဂိုးကို ပထမပိုင်းကတည်းက သွင်းယူခဲ့သော်လည်း ပွဲကစားချိန် (၆၆) မိနစ်မှာ ရော်နယ်ဒိုက အသင်းပြန်လာနိုင်ဖို့အတွက် အရေးပါတဲ့ ချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။
အဲ့ဒီနောက်မှာတော့ အယ်လ်နာဆာအသင်းအတွက် တာလစ်စကာက အသင်းအတွက် အနိုင်ဂိုးနှစ်ဂိုး ဆက်တိုက် သွင်းယူပေးခဲ့ပါတယ်။ ဥရောပချန်ပီယံလိဂ် ဂိုးသွင်းအများဆုံကစားသမား စီရော်နယ်လ်ဒိုအနေဖြင့် AFCချန်ပီယံလိဂ်တွင် ပထမဆုံးဂိုး သွင်းယူနိုင်ခဲ့ခြင်လည်းဖြစ်ပါတယ်။