စဥ့်ကူးမြို့နယ်၊ ညောင်ပင်သာကျောင်းဆရာတော်၏ မွေးနေ့မင်္ဂလာသို့ သွားရောက်သော တောင်အင်း ပြည်သူ့စစ်အဖွဲ့၏ မော်တော်ယာဥ်ကို အကြမ်းဖက် PDF များက ကြိုတင်စောင့်ဆိုင်း ပစ်ခတ်တိုက်ခိုက်

အောက်တိုဘာ ၂

        မန္တလေးတိုင်းဒေသကြီး၊ စဥ့်ကူးမြို့နယ်၊တောင်အင်း ပြည်သူ့စစ်အဖွဲ့ဝင် ဦးဟူစိန်ပါ ၃ဦးသည် တောင်အင်းကျေးရွာ၊ညောင်ပင်သာကျောင်းဆရာတော် အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ ဘဒ္ဒန္တဝေပုလ္လ၏ သက်တော် ၉၄ နှစ်ပြည့် မွေး နေ့မင်္ဂလာကျင်းပနိူင်ရေး ပွဲမိန့်တင်ရန်အတွက် စဥ့်ကူးမြို့သို့ ရေတော်ကျေးရွာ လူမှုကူညီရေးအသင်းပိုင် Super Custom အမျိုးအစား မော် တော်ယာဥ်ဖြင့် သွားရောက်စဥ် ယမန်နေ့ ညနေ ၆ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် စဥ့်ကူးမြို့နယ်၊ငွေတောင်ကျေးရွာနှင့်ညောင်ဝန်းကျေးရွာကြား၊ကားလမ်းအရှေ့ဘက်နေရာမှ အကြမ်းဖက် PDF အင်အား ၂၀ ဦးခန့်က ၄၀မမ၊လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရပါသည်။

        ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် မော်တော်ယာဥ်မှာ ကားလမ်းအရှေ့ဘက်သို့ တိမ်းမှောက်ခဲ့ပြီး ပြည်သူ့ စစ်အဖွဲ့ဝင်များက ကာဘိုင်သေနတ်များဖြင့် ပြန်လည်ပစ်ခတ် ခုခံတိုက်ခိုက်ခဲ့ကြောင်း၊ ညနေ ၆ နာရီ ၅၀ မိနစ်အချိန်တွင် စစ်ကူလိုက်လာသော လုံခြုံရေးစစ်ကြောင်းနှင့် ပူးပေါင်းနိူင်ခဲ့ပြီး အကြမ်း ဖက် PDF များ ညောင်ဝန်းကျေးရွာဘက်သို့ ဆုတ်ခွာခဲ့ကြောင်း သိရသည်။

       ဖြစ်စဥ်ဖြစ်ပွားရာနေရာသို့ လုံခြုံရေးတာဝန်ရှိသူများ ရောက်ရှိရှင်းလင်းခဲ့ရာ ယာဥ်ပေါ်တွင် စဥ့်ကူးမြို့သို့ လမ်းကြုံလိုက်လာသော မသိမ့်သိမ့်အေး၊၂၁နှစ်၊(ဘ)ဦးဝင်းအေး၊သူနာပြု၊ဇီးပင်ကုန်းကျေးရွာ၊စဥ့်ကူးမြို့နယ်နေသူတွင် ယာ – ခြေ သလုံး ဖောက်ဝင်၊ယာ-နောက်ကျော ဖောက်ဝင်ဒဏ်ရာ ၂ ချက်(စိုးရိမ်ရ)ရရှိခဲ့ပြီး မိုးကုတ်ဘက်မှ မန္တလေးဘက်သို့ MDY/ MDY/MDY၇၃ယ/ယ/ယ၄၅၀၂၃၊KENBO အမျိုးအစား၊အနက်ရောင်ဆိုင်ကယ် မောင်းနှင်လာသော ပိုင်မင်းဖြိုး၊၂၅နှစ်၊ကိုယ်ရေးစီစစ်ဆဲ၊စည်ပင်သာယာရပ်ကွက်၊မိုးကုတ်မြို့နယ်နေသူမှာ ဝဲ – ခြေ သလုံး ဖောက်ဝင်/ထွက်၊လည်ပင်း ဝဲမှဝင်/ယာမှ ဖောက်ထွက်ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။

      အဆိုပါ ပြည်သူစစ်များ၏ တောင်အင်းကျေး ရွာသို့ သွားရောက်မည့် သတင်းကို အကြမ်းဖက် PDF များက ကြိုတင်ရယူပြီး ယခုလို ကြို့တင်စောင့်ဆိုင်း ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်း ယင်းပြည်သူ့စစ်အဖွဲ့နှင့် နီးစပ်သူ ဒေသခံတစ်ဦးမှ ဆိုသည်။

#PAN