အောက်တိုဘာ ၃
ပြင်ပရွှေဈေးကွက်၌ ၁၆ ပဲရည် တစ်ကျပ်သားကို စက်တင်ဘာလ ၁ ရက်နေ့တွင် ၃,၇၈၀,၀၀၀ ကျပ် ရှိခဲ့ရာမှ စက်တင်ဘာလ ၃၀ ရက်နေ့တွင် ၃,၄၀၀,၀၀၀ ကျပ် ထိကျဆင်းလာသည့်အတွက် တစ်လအတွင်း ၃၈၀,၀၀၀ ကျပ် ဈေးကျ လာခဲ့ပါသည်။
အကယ်ဒမီ မီးလင်းရွှေဈေးမှာ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း(YGEA)ရဲ့ ရည်ညွှန်း ဈေးအရ စက်တင်ဘာလ ၁ ရက်နေ့တွင် တစ်ကျပ်သားကို ၂,၂၈၄,၄၀၀ ကျပ်နှင့် ဈေးဖွင့်ခဲ့ပြီး စက်တင် ဘာလ ၃၀ ရက်နေ့တွင် ၂,၁၇၈,၃၀၀ ကျပ်သာ ရှိခဲ့သည့်အတွက် တစ်လအတွင်း ၁၀၆,၁၀၀ကျပ် လျော့ကျခဲ့ပါသည်။
ထို့အပြင် စက်တင်ဘာလအတွင်း ဖြစ်ပေါ်ခဲ့သည့် အမေရိကန်ဒေါ်လာ ငွေလဲလှယ်နှုန်းမှာ စက်တင်ဘာ လ ၁ ရက်နေ့တွင် ပြင်ပငွေကြေးဈေးကွက်၌ တစ်ဒေါ်လာကို ၃,၆၈၀ ကျပ်ရှိခဲ့ရာမှ စက်တင်ဘာလ ၃၀ ရက်နေ့တွင် တစ်ဒေါ်လာကို ၃,၃၁၀ ကျပ်သို့ ပြန်လည်ရောက်ရှိလာခြင်းကြောင့် တစ်လအတွင်း တစ်ဒေါ်လာကို ၃၇၀ ကျပ် ပြန်လည်ကျဆင်း ခဲ့ပါသည်။
ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲလှယ်နှုန်းမှာ ယနေ့အထိ အမေရိကန်ဒေါ်လာ တစ်ဒေါ်လာကို ၂,၁၀၀ ကျပ် ဖြစ်ပြီး ဗဟိုဘဏ် Online Trading ဈေးနှုန်းမှာ တစ်ဒေါ်လာကို ၂,၉၂၀ ကျပ် သတ်မှတ်ထားပါသည်။
#PAN