ကျောက်တန်းမြို့ရှိ နေအိမ်တစ်ခုအတွင်း အတူ နေသားအဖ နှစ်ဦး အသတ်ခံရမှုဖြစ်ပွား 

အောက်တိုဘာ ၃

        ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ အရှေ့ပိုင်းရပ်ကွက်၊ ငွေသောင်ယံ (၂) နှင်းဆီလမ်းရှိ နေအိမ်တစ်လုံးတွင် အတူနေထိုင်သော ဦးစိန်မြ၊ ၆၄ နှစ်၊ (ဘ)ဦးပြုံးနှင့် သားဖြစ်သူ ဖေသင်းမြတ်၊ ၂၂ နှစ်၊ (ဘ)ဦးစိန်မြ တို့ သားအဖနှစ်ဦး အောက်တိုဘာ ၂ ရက်နေ့ကဓါးဒဏ်ရာများဖြင့် အသတ်ခံရမှုဖြစ်ပွားခဲ့သည်။

        ဖြစ်စဥ်မှာ သမီးဖြစ်သူ မသီတာနှင်း(ဘ)ဦးစိန်မြ၊ အမှတ်(၈၈)၊ သမာဓိလမ်းသွယ်၊ အရှေ့ပိုင်းရပ်ကွက် နေသူသည် အောက်တိုဘာ ၂ ရက်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်အချိန်ခန့်က ဧရာဝတီဘဏ်ခွဲ(ကျောက်တန်း) တွင် ကြီးကြပ်ရေးမှူးတာ ဝန်ထမ်းဆောင်နေစဥ် အရှေ့ပိုင်းရပ်ကွက်ငွေသောင်ယံ(၂)စံပယ်လမ်း၊ အမှတ် (၃၈၇)နေ အဒေါ်ဖြစ်သူ ဒေါ်အေးအေးအောင် မှ ဖုန်းဆက်၍ မသီတာနှင်း၏ ဖခင်ဖြစ်သူ ဦးစိန်မြနှင့် မောင်ဖြစ်သူ ဖေသင်းမြတ် တို့သည် နေအိမ်အောက်ထပ်တွင် လဲကျနေသည်ကိုတွေ့ရှိကြောင်း၊ နေအိမ်သို့ ပြန် လာခဲ့ရန်ဖုန်းဆက် အကြောင်းကြားသဖြင့်ဖခင်ဖြစ်သူ၏ နေအိမ်သို့ သွားရောက်ကြည့်ရှု့ရာ ဖခင်ဖြစ်သူဦးစိန်မြသည် နေအိမ်အောက်ထပ်လှေကားရင်းတွင် ဝဲဘက်ရင်ဘက်ထိုးသွင်းဒဏ် ရာ ၁ ချက်၊ နံရိုးကြားထိုးသွင်းဒဏ်ရာ ၁ ချက်၊ ဝဲနံစောင်း ထိုးသွင်းဒဏ်ရာ ၁ ချက်၊ ဝဲဘက် ဝမ်းဗိုက်ပြတ်ရှဒဏ်ရာ ၁ ချက်များဖြင့် သေဆုံးလျက်ရှိကြောင်း၊ ၎င်းမောင်ဖြစ်သူ ဖေသင်းမြတ် သည် နေအိမ်နောက်ဖေးအိမ်သာရှေ့ဘေးတွင် လည်ပင်းပြတ်ရှဒဏ်ရာ ၁ ချက်၊ အပေါ်နှုတ်ခမ်းဝဲဘက်ပြတ်ရှဒဏ်ရာ ၁ ချက်၊ ဝဲနံကြားထိုးသွင်း ဒဏ်ရာ ၁ ချက်၊ ရင်ညွှန်ထိုးသွင်းဒဏ်ရာ ၁ ချက် ၊ ဝဲရင်အုံအောက်ထိုးသွင်း ဒဏ်ရာ ၁ ချက်၊ ဝဲဘက် ဝမ်းဗိုက်ထိုးသွင်းဒဏ် ရာ ၂ ချက်၊ရင်ခေါင်းထိုးသွင်းဒဏ်ရာ ၂ ချက်၊ ယာဘက်ဝမ်းဗိုက်ထိုးသွင်း/အူထွက်ဒဏ်ရာ ၁ ချက်၊ ဝဲပေါင် ထိုးသွင်းဒဏ်ရာ ၁ ချက်ဖြင့် သေဆုံးနေသည်ကို တွေ့ရှိကြောင်း သိရပါသည်။

       စိစစ်ဆဲ လူသတ်သမားများသည် သေဆုံးသူ ဖေသင်းမြတ် ကိုင်ဆောင်သည့် ဖုန်းနံပါတ် ၀၉-၇၇၇၃၁၅၇၇၈နှင့် ၀၉-၆၉၄၆၉၁၇၈၈ ပါ Redmi Note 12(Pro)အမျိုးအစားအပြာရောင်လက်ကိုင်ဖုန်း ၁ လုံးကို လုယူဆောင်သွားကြောင်းနှင့် အဆိုပါ လူ သတ်တရားခံများကို မသီတာနှင်း က တရားလိုပြု လုပ်၍ ကျောက်တန်းမြို့မရဲစခန်းတွင် ရာဇသတ်ကြီး ပုဒ်မ- ၃၀၂/၃၉၄ ဖြင့် အမှုဖွင့်တိုင်ကြားထားပြီး တရား ခံဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေးလျှက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN