NATO နှင့် အမေရိကန်၏ အာရှမဟာမိတ်များသည် ကင်ဆာအကျိတ်ဖြစ်ဟု မြောက်ကိုရီးယား က ပြောဆို

အောက်တိုဘာ ၂

      NATO တပ်ဖွဲ့နှင့် အမေရိကန်၏ အာရှမဟာ မိတ်များသည် ကင်ဆာအကျိတ်ဖြစ်ကြောင်း၊ ထို အကျိတ်ကကမ္ဘာ့အခြေအနေကိုအန္တရာယ်ဖြစ်စေနိုင်ကြောင်း မြောက်ကိုရီးယား ဒုတိယနိုင်ငံခြား ရေး ဝန်ကြီး အင်ချွန်းအီ က ပြောသည်။

        အမေရိကန်၏ ထောက်ပံ့ခံအဖွဲ့အစည်းများ သည် ပိုမိုအန္တရာယ် များလာကြောင်း၊ ၎င်းတို့၏ ရန်လိုမှုရှိသောအပြုအမူနှင့် မျက်ကန်းမျိုးချစ်ပုံစံရှိသော အပြု အမူတို့ သည် ဖုံးကွယ်မရအောင်ပေါ်လာပြီဖြစ် ကြောင်း အင်ချွန်းအီက ပြောသည်ဟု နိုင်ငံပိုင်သတင်းဌာန က ဖော်ပြထားသည်။


  ထို့ပြင် အမေရိကန်သည် ရုရှားနှင့် မြောက်ကိုရီးယားနိုင်ငံတို့ကြား ချစ်ကြည်ရင်းနှီးမှုရှိသော ဆက်ဆံရေးကို ဖျက်ဆီးရန်ကြိုးပမ်းနေကြောင်း ၎င်းက ဆက်ပြောသည်။

       အလားတူ အမေရိကန် နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒသည် ဗိုလ်ကျစိုးမိုးမှုကို ဗဟိုပြုသည့် အခြေခံသဘော တရားအပေါ် အခြေတည်ထားတယ်လို့ မြောက်ကိုရီးယား ဒုတိယနိုင်ငံခြားရေးဝန်ကြီး၏ ပြောကြားချက်ကို Sputnik သတင်းဌာနတွင် ဖော်ပြထားသည်။

#PAN