အောက်တိုဘာ ၂
စက်တင်ဘာလ ၂၇ ရက်နေ့ ညနေ ၆ နာရီအချိန်ခန့်တွင် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့၊ အောင်ဇေယျရပ်ကွက်၊ ဆွေသဟာ တည်းခိုခန်းတွင် မသင်္ကာဖွယ်လူစိမ်းတစ်ဦး တည်းခိုနေကြောင်းသတင်းအရ နယ် မြေခံရဲ တပ်ဖွဲ့ဝင်များက သက်သေများများနှင့်အတူ သွားရောက်စစ်ဆေးရာမှ အကြမ်း ဖက် PDF အဖွဲ့မှ တာဝန်ပေး၍ လှုပ်ရှားဆောင် ရွက်မှုများ ပြုလုပ်ခဲ့သူ တစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရပါသည်။
သံဖြူဇရပ်မြို့၊ နယ်မြေခံရဲတပ်ဖွဲ့ဝင်များ သည် သတင်းအရ သံဖြူဇရပ်မြို့၊ အောင်ဇေယျရပ်ကွက်၊ ဆွေသဟာတည်းခိုခန်းရှိ အဆိုပါ မသင်္ကာဖွယ်လူစိမ်းတစ်ဦးကို သွားရောက်ရှာဖွေရာ မတွေ့ရှိသဖြင့် လိုက် လံရှာဖွေရာ အောင်သာယာရပ်ကွက်၊ သပြေလမ်းထိပ်တွင် တွေ့ရှိရပြီးစစ်မေးရာ မျိုးမင်းလတ် ၊ ၃၈ နှစ်၊(ဘ)ဦးနှင်းမောင်၊(မိ)ဒေါ်မြင့်- စိုး၊ ၁၀/ကထန(နိုင်) ၁၂၀၆၀၆၊ ကျပန်း၊ ဗမာ/ဗုဒ္ဓ၊ ကော်ကပ်ကျေး ရွာ၊ ကျိုက်ထိုမြို့နယ်နေသူဖြစ်ကြောင်းသိရှိရသည်။
၎င်း တည်းခိုနေထိုင်သည့် ဆွေသဟာတည်း ခိုခန်း အခန်းနံပတ်(201) အားဆက်လက်စစ် ဆေးရာ ၁၀/ကထန(နိုင်)၁၂၀၆၀၆ နံပါတ်ပါရှိပြီး မောင်စောမျိုးမင်းလတ်၊ (ဘ) ဦးကိုလေး အမည်ပါရှိသော နိုင်ငံ သားစိစစ်ရေးကဒ်ပြား ၁ ခုနှင့် ရန်ကုန်အဝေးသင်တက္ကသိုလ်၏ သိပ္ပံဘွဲ့နှင့် မောင်စောမျိုးမင်းလတ်၊ (ဘ)ဦးကိုလေး စာသားများပါရှိသော ဘွဲ့လက်မှတ်တစ်ခုတို့ အား တွေ့ရှိစိစစ်ရာ မျိုးမင်းလတ်မှ အတုများဖြစ်သည်ဟု ပြောပြခဲ့ကြောင်း၊ ၄င်းကိုင်ဆောင်သော VIVO Y71 A အမျိုးအစား အနက်ရောင်ဖုန်းအား စစ်ဆေးရာ ATMO ဆင်းကဒ် ဖုန်းနံပါတ် 09 759025517 နံပတ်ပါရှိပြီး ဖုန်းအတွင်းစစ်ဆေးရာ ဖုန်း၏ အယ်ဘမ်အတွင်း၌ သေနတ်အရှည် (M-16) ဖြင့် ကိုင်၍ရိုက်ထားသော ဓါတ်ပုံ ၇ ပုံ၊ ပစ္စတိုကိုင်၍ ရိုက်ထားသော ဓါတ်ပုံ ၅ ပုံ၊ ပစ္စတိုသေနတ်နှင့် ကျည်ဆံပုံ ၈ ပုံ၊ တို့အားတွေ့ရှိသဖြင့် ရဲစခန်းသို့ခေါ်ယူစစ်ဆေးခဲ့သည်။
၄င်းသည် ၂၀၂၃ ခုနှစ် ဇွန်လအတွင်း ဒုတိ ယအပတ်တွင် ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ရန် ခရီးသည်တင်ယာဉ်ဖြင့် မော်လမြိုင်-သံဖြူဇရပ် – ဘုရားသုံးဆူကားလမ်းအတိုင်း ကားစီးလာရာ သံဖြူဇရပ် – ဘုရားသုံးဆူကားလမ်းပေါ်ရှိ ကြာအင်း ဆိပ်ကြီးမြို့နယ်၊ ကြားမှီးတို KNU/PDF အကြမ်းဖက်ပူးပေါင်းအဖွဲ့၏ ငွေ ကြေးကောက်ခံသည့် ဂိတ်အရောက်တွင် ယခင်ထိုင်းနိုင်ငံသို့ သွားရောက်စဉ်က ရင်းနှီးခဲ့သူ KNU အဖွဲ့မှ စောကပေါ်စေး(ခ) ကြက်က လေးနှင့် တွေ့ ဆုံခဲ့ပြီး ၄င်း၏ပြောပြချက်အရ ထိုင်းနိုင်ငံသို့ တရားမဝင်သွားရောက်သူများ အားဖမ်းဆီးမှုများပြားနေကြောင်း ပြောပြသဖြင့် ၄င်းလည်းအဆိုပါဂိတ်တွင်နေထိုင်၍ ထမင်းချက် ခြင်း၊ ဂိတ်ကြေး ကောက်ခြင်းတို့ ပြုလုပ်ခဲ့ကြောင်း၊ ထိုဂိတ်တွင် KNU/PDF ပူးပေါင်းအဖွဲ့ ၁၀ ယောက်ခန့်ရှိပြီး အမည်များအား မေးမြန်း၍မရကြောင်း၊ ၄င်းတို့ဂိတ်ကဲ့သို့ ကြာအင်းဆိပ်ကြီးမြို့နယ်၊ တောင်ဒီးကျေးရွာအနီးတွင်လည်းကောင်း၊တံခွန် တိုင်လမ်းဆုံ၌ လည်း ကောင်း၊ ခလယ်တံခွန်တိုင် ကျေးရွာနှင့် အဘစ်ကျေး ရွာအကြား တောင်ဖလုကျေးရွာအနီးတွင် လည်း ကောင်း၊ KNLA/PDF အကြမ်းဖက်အဖွဲ့မှ ဂိတ်များအသီးသီးဖွင်၍ ငွေ ကြေးများ တောင်းခံခြင်းကို နေ့စဉ်ပြုလုပ် နေကြောင်း၊ ၄င်းအနေဖြင့်လည်း ပစ္စတိုသေနတ် ၁ လက်နှင့် ၄င်းကျည် ၅၀ တောင့်အား ငွေကျပ် ၁၅ သိန်းဖြင့် ဝယ်ယူကိုင်ဆောင်ခဲ့ကြောင်း၊ PDF သင်တန်း တက်ရောက်ခြင်းတော့မရှိဘဲ PDF များနှင့် အတူနေထိုင်ကာ ဂိတ်မှဖြတ်၍ သွားလာသော ကား/ဆိုင်ကယ်များအား ငွေကြေးကောက်ခံခြင်း၊ အထောက်ထားမဲ့ ဘင်္ဂါလီများအား ထိုင်းနိုင်ငံသို့ ပို့ဆောင်ရာတွင် လိုက်ပါကူညီခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်းနှင့် ၄င်း၏ တတိယအိမ် ထောင်ဖြစ်သူ မနန်းမေသန်းစိုးမှ ၄င်းတွင် ယခင်အိမ်ထောင်ရှိ သည်ကိုသိရှိသွားပြီး KNU ထံသို့ သွားရောက်တိုင်ကြားရန် ထွက်သွားစဉ် ထိုနေရာ ၌ ဆက်လက်နေထိုင်ပါက KNU အဖွဲ့၏ ဖမ်းဆီးသတ်ဖြတ်ခြင်းကို ခံရမည်စိုးသဖြင့် သံဖြူဇရပ်မြို့သို့ ထွက်ပြေးတိမ်းရှောင်ရင်း ဆွေသဟာတည်းခိုခန်းတွင် တည်းခိုနေစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။
၎င်းကိုင်ဆောင်သော VIVO ဖုန်း၊ မှတ်ပုံတင်အတု၊ ဘွဲ့လက်မှတ်အတုတို့အား ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့ပြီး PDF အကြမ်းဖက်အဖွဲ့မှန်းသိလျှက် ပါဝင်ဆောင် ရွက်ခြင်း၊ PDF အဖွဲ့မှ တာဝန်ပေး၍ လှုပ်ရှားဆောင် ရွက်မှုများ ပြုလုပ်ခဲ့သူ မျိုးမင်းလတ်(ဘ)ဦးနှင်းမောင် (ဖမ်းဆီးရမိ)ကို သံ ဖြူဇရပ်မြို့မရဲစခန်က အကြမ်း ဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ – ၅၂ (က)ဖြင့် အမှုဖွင့်လှစ် စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။
#PAN