ရေးခရိုင်၊ ရေးမြို့၊ ကျောက်မိချောင်း(တောင်) ကျေးရွာအနီးတွင် လိုက်ထရပ် မော်တော်ယာဉ်တစ်စီးကို အကြမ်းဖက်သမား PDF များက လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်၊အသက် ၈၀ အရွယ်ရှိ အမျိုးသား တစ်ဦးအပါ အဝင် ၂ ဦး သေဆုံး

အောက်တိုဘာ ၂

      မွန်ပြည်နယ်၊ ရေးခရိုင်၊ ရေးမြို့၊ ကျောက်မိချောင်း (တောင်)ကျေးရွာအနီးတွင် သာမန်ပြည်သူ ၃ ဦးလိုက် ပါ မောင်းနှင်လာသည့် မော်တော်ယာဥ်ကို အမည်အသိအကြမ်းဖက်သမား PDF ၅ ဦးက လက် နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့ကြောင်း သိရပါသည်။

       ဖြစ်စဥ်မှာ ဦးစိုးအောင်၊ ၅၄ နှစ်၊ (ဘ) ဦးသောင်းမြင့်၊မွန်/ဗုဒ္ဓ၊ မပတ(မမှတ်မိ)၊ ခြံလုပ်ငန်း လုပ်ကိုင်၊စိန်ကြီးကျေးရွာ၊သင်္ဃန်းကျွန်းကျေးရွာ အုပ်စု၊ရေးမြို့ နယ်နေသူ မောင်းနှင်ပြီး ၎င်း၏ ဦးလေးဖြစ်သူ ဦးဘအေး၊ ၈၀ နှစ်၊ (ဘ)ဦးချစ်စိန်၊ မွန်/ဗုဒ္ဓ၊ မပတ(မမှတ် မိ)၊ မှီခို၊ ကျောင်းရွာကျေးရွာအုပ်စု၊အိုင်ရှည်ကျေးရွာ၊ရေးမြို့နယ်နေသူ၊ ဒေါ်တင်ဝင်း၊၇၇ နှစ်၊(ဘ)ဦးချစ်စိန်၊ မှီခို၊ လိပ်စာတူနေသူတို့နှင့်အတူ မော်တော်ယာဥ်အမှတ် MON-5 / 2L-8386 Mazda Bongo အမျိုး အစား အဖြူရောင် (လိုက်ထရပ်) မော်တော်ယာဉ်ဖြင့် ကျောင်းရွာကျေးရွာမှ သင်္ဃန်းကျွန်းကျေးရွာသို့ ပြန် လာစဉ် အခင်းဖြစ်နေရာအရောက်တွင် အမည်အသိအကြမ်းဖက်သမား PDF ၅ ဦးက လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပါသည်။

       ထိုသို့ လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့ခြင်းကြောင့် ဦးစိုးအောင် တွင် လည်ပင်းကျည်ဖေါက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲလက်မောင်းကျည်ဖေါက်ဝင်ဒဏ်ရာ ၃ ချက်၊ ဝဲလက်ဖျံအောက်ကျည်ဖေါက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာဘက်ကောက်ဝတ်ကျည်ဖေါက်ဝင်ဒဏ်ရာ ၁ ချက်တို့ဖြင့်အခင်းဖြစ် နေရာတွင် သေဆုံးသွားခဲ့ပြီး ဦးဘအေးတွင် ဝဲဘက်လည်ပင်း ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ဝဲဘက်လက်မောင်း ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ နောက်ကျောယာဘက် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာဘက်ဒူခေါင်း ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်(စိုးရိမ်ရ) ဒဏ်ရာများရရှိခဲ့ကြောင်း၊ ယာဉ်နောက်တွင်လိုက်ပါလာသော ဒေါ်တင်ဝင်းမှာ ထိခိုက်ဒဏ်ရာရရှိခြင်းမရှိဘဲ သေနတ်ပစ်ခတ်မှုကြောင့် ထိတ်လန့်ပြီး သတိ လစ်သွားခဲ့ကြောင်း၊ ၎င်း လူနာများကို ကျောင်းရွာတိုက်နယ်ဆေးရုံတွင် ဆေးဝါးကုသမှုခံယူလျှက်ရှိကြောင်း၊ ဦးဘအေး မှာ ကျောင်းရွာတိုက်နယ်ဆေးရုံတွင် ဆေး ဝါးကုသမှုခံယူနေစဥ် ယင်းနေ့ ညနေ ၃ နာရီ ၁၀ မိနစ်အချိန်ခန့်တွင် သေဆုံးသွားခဲ့ကြောင်း သတင်းရရှိပါသည်။

       အဆိုပါ သေဆုံးသူများသည် သာမန်ပြည်သူများသာဖြစ်ကြပြီး မည်သည့်အကြောင်းကြောင့် အကြမ်း ဖက် PDF များက ယခုလို သတ်ဖြတ်ခြင်းကို မသိရသေးကြောင်း၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ သည်  လက်နက်မဲ့ အပြစ်မဲ့ အရပ်သားပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်နေခြင်းသည် နိုင်ငံတကာစစ် ဥပဒေ (ခေါ်) ဂျီနီဗာကွန်ဗင်းရှင်း၏ နောက်ဆက်တွဲစာချုပ် (၁)၊ အပိုဒ် ၅၂ အပိုဒ်ခွဲ(၂)ပါ ပြည်တွင်း စစ်ပွဲများတွင် ဘက်နှစ်ဘက် စစ်ဆင်တိုက်ခိုက်နေစဉ် စစ်ရေးပစ်မှတ်ကိုသာ တိုက်ခိုက်ခွင့်ရှိသည်ဟုသောအချက်ကို ချိုးဖောက်နေကြကြောင်း သိရှိရပါသည်။

#PAN