ရိုနယ်ဒိုရဲ့ သွင်းဂိုးစံချိန်တစ်ခုကို ကျော်ဖြတ်နိုင်ခဲ့တဲ့ ဘယ်လင်ဟမ်

အောက်တိုဘာ ၂

        စက်တင်ဘာလ ၃၀ ရက်က ကစားခဲ့တဲ့ စပိန်လာလီဂါပွဲစဉ်(၈) ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ဂီရိုနာအသင်းနဲ့ ရီးရဲလ် အသင်းတို့ ပွဲစဉ်မှာ ရီးရဲလ်အသင်းက ၃ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။

        အဆိုပါပွဲစဉ်မှာ ရီးရဲလ်အသင်း ကွင်းလယ်လူ ဘယ်လင်ဟမ် က သွင်းဂိုးတစ်ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု တစ်ကြိမ်ပြုလုပ်ပေးခဲ့ကာ ရီးရဲလ်ဂန္ထဝင်တိုက်စစ်မှူး ရိုနယ်ဒို ရဲ့ သွင်းဂိုးစံချိန်တစ်ခုကို ကျော်ဖြတ် နိုင်ခဲ့ပါတယ်။

         ရိုနယ်ဒို ဟာ ရီးရဲလ်အသင်းသမိုင်းတစ် လျှောက် ပထမဆုံးရာသီလာလီဂါပွဲစဉ် (၇) ပွဲအပြီးမှာ ၆ ဂိုးသွင်းယူပြီး တစ်ကြိမ်ဖန်တီးကာ စံချိန်တင်ထားခဲ့ပါတယ်။ အဆိုပါစံချိန်ကို ဘယ်လင်ဟမ် က ၇ ပွဲကစားသွင်းဂိုး ၆ ဂိုးသွင်းယူကာ၊ ဂိုးဖန်တီးမှု ၂ ကြိမ်ပြုလုပ်ပေးခဲ့ပြီး ဂိုးပါဝင်ပတ်သက်မှု ၈ ဂိုးအထိရှိခဲ့ကာ ဂိုးပါဝင်ပတ်သက်မှုအများဆုံး စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ပြီး စံချိန်သစ်တင်ရှိခဲ့တာ ဖြစ်ပါတယ်။

#PAN