မြောက်ကိုရီးယား-ရုရှား နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်မှုနှင့်ပတ်သက်၍ အမေရိကန်၏ ရှုတ်ချမှုကို ပြင်းပြင်းထန်ထန် တုံ့ပြန်

အောက်တိုဘာ ၂

    မြောက်ကိုရီးယားနိုင်ငံက ရုရှားနိုင်ငံနှင့် ဆက်ဆံရေးတိုးမြှင့်မှုနှင့်ပတ်သက်၍ အမေရိကန်၏ ရှုတ်ချမှုကို ပြင်းပြင်း ထန်ထန်တုံ့ပြန်ခဲ့ကြောင်းသိရသည်။

       ရုရှားနိုင်ငံနှင့် ဆက်ဆံရေးကို မဟာဗျူဟာ မြောက် အခိုင်အမာခံတပ်တစ်ခုအဖြစ် သတ်မှတ်ထားပါကြောင်း မြောက်ကိုရီးယား ဒုတိယနိုင်ငံ ခြားရေးဝန်ကြီး အီချွန်အီ၏ ပြောကြားချက်ကို နိုင်ငံပိုင် Korean Central News Agency က အောက်တိုဘာ ၁ ရက်တွင် သတင်းဖော်ပြသည်။

        အမေရိကန်နိုင်ငံသည် ကောင်းမွန်သော အိမ်နီး ချင်းဆက်ဆံရေး တိုးတက်ကောင်းမွန်လာမှုကို နိုင်ငံ တကာဥပဒေချိုးဖောက်မှုဟု အခြေ အမြစ်မရှိ စွပ်စွဲပြောဆိုကြောင်း ဒုတိယနိုင်ငံခြား ရေးဝန်ကြီး အီချွန်အီက ၎င်း၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

       ရုရှား-မြောက်ကိုရီးယား နှစ်နိုင်ငံပူးပေါင်းဆောင် ရွက်မှုသည် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ခြိမ်းခြောက်မှုဖြစ်စေသည်ဟု အမေရိကန်က ကမ္ဘာကို လွဲမှားစွာထင် မြင်ချက်ပေးရန် ကြိုးပမ်းလျက်ရှိကြောင်းလည်း ၎င်းက ဆက်လက်ပြောသည်။

        ရုရှား-မြောက်ကိုရီးယား နှစ်နိုင်ငံဆက်ဆံ ရေးသည် လက်ရှိတွင် မြင့်မားသောအဆင့်တစ်ခုသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ၎င်းကမှတ်ချက်ပြုပြောကြားသည်။

       ငြိမ်းချမ်းရေးကို ထိန်းသိမ်းစောင့် ရှောက်ရန်အတွက် ရုရှား – မြောက်ကိုရီးယား နှစ်နိုင်ငံဆက်ဆံရေးကို “အင်အားကြီးမားသောခံတပ်နှင့် ဗျူဟာမြောက်အမာခံ” ဟူ၍ ၎င်းက ခေါ်ဆိုခဲ့သည်။

        စက်တင်ဘာလတွင် မြောက်ကိုရီးယား ခေါင်း ဆောင် ကင်ဂျုံအန်နှင့် ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့သည် နှစ်နိုင်ငံ ထိပ်သီးအစည်းအဝေးကို ရုရှားနိုင်ငံ ၌ ကျင်းပခဲ့သည်။ အောက်တိုဘာ ၁၂ ရက်သည် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်သည့် (၇၅) နှစ် မြောက် နှစ်ပတ်လည်နေ့ ဖြစ်သည်။

         ထို့ပြင် မြောက်ကိုရီးယားနိုင်ငံသည် ချစ် ကြည်ရင်းနှီးသော နိုင်ငံများနှင့် ဆက်ဆံရေးပိုမိုကောင်းမွန်ရန် ကြိုးပမ်းလျက်ရှိကြောင်းလည်း ဒုဝန်ကြီး အီချွန်အီ က ပြောကြားခဲ့သည်။

         ခေါင်း ဆောင် ကင်ဂျုံအန်သည် တရုတ်နိုင်ငံ၏ အမျိုးသားနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် အောက်တို ဘာ ၁ ရက်တွင် တရုတ်သမ္မတ ရှီကျင့်ဖျင်ထံ ဝမ်း မြောက်ကြောင်း ပေးစာတစ်စောင်ပေးပို့ခဲ့သည်။ မြောက်ကိုရီးယားနှင့် တရုတ်နိုင်ငံကြား ဆက်ဆံရေးသည် သမိုင်းဝင်ကာလသစ်သို့ ရောက်ရှိနေပြီဟု ကင်ဂျုံအန်က ရေးသားခဲ့ကြောင်း သိရသည်။

#PAN