မော်တော်ဆိုင်ကယ် ၁ စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရေမြောင်းထဲသို့ ထိုးကျရာမှ အမျိုးသား နှစ်ဦး သေဆုံး


အောက်တိုဘာ ၂

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့၊ ကျွန်းကုန်းကျေးရွာရှိ လမ်းဘေးရေမြောင်းထဲသို့ ယနေ့နံနက် ၇နာရီအချိန်ခန့်က​ မော်တော်ဆိုင်ကယ် ၁ စီး အရှိန်မထိန်းနိုင်ဘဲ ထိုးကျရာမှ အမျိုးသား နှစ်ဦး သေဆုံးသွားကြောင်း သိရသည်။
 
အဆိုပါ ယာဥ်မတော်တဆ ထိုးကျတိမ်းမှောက် မှု့ကြောင့် ဆိုင်ကယ်စီးလာသူ အမျိုးသားနှစ်ဦး အခင်းဖြစ်ရာနေရာတွင်သေဆုံးနေကြောင်း ပြည်သူများမှ လှည်းကူးမြို့ ကရုဏာရှင်အသင်းသို့ ဖုန်းဆက်အကြောင်းကြားသောကြောင့် ဖြစ်စဉ်နေရာသို့ သွားရောက်ကူညီခဲ့ကြောင်း သိရသည်။
 
ယင်းသေဆုံးသွားသည့် အမျိုးသား နှစ်ဦး၏ နေရပ်လိပ်စာ သိရှိရခြင်းမရှိကြောင်း ရုပ် အလောင်းများကို မြို့နယ်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

#PAN