နွားထိုးကြီးမြို့နယ်၊ဆူးရစ်ကုန်းကျေးရွာနေ ပြည်ခိုင်ဖြိုးပါတီ ဝန်းရံသူ သာမန်ပြည်သူ ၄ ဦးကို အကြမ်းဖက်သမား PDF များက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်

အောက်တိုဘာ ၂

        မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ဆူးရစ်ကုန်းကျေးရွာနေသူများဖြစ်ကြသော ဦးရွှေကျီး၊၅၀နှစ်၊(ဘ)ဦးဖေသီ၊ပန်းရံ၊ဆူးရစ်ကုန်းကျေးရွာနေသူ(အုပ်ချုပ်ရေးမှုးဟောင်း)၊ ဦးမောင်တင်၊၆၇နှစ်၊(ဘ)ဦးကျော်အောင်၊တောင်သူ၊ ဦးတင်ရွှေ၊၅၈နှစ်၊(ဘ)ဦးကံတင်၊ပန်းရံ၊ ဦးကျော်မျိုးအောင်၊၃၄နှစ်၊(ဘ)ဦးကျော်မြင့်၊တောင်သူ စသည့် သာမန်ပြည်သူ ၄ ဦးကို ဦးရွှေကျီး၏ နေအိမ်ခြံဝင်းအတွင်း အကြမ်း ဖက်သမား PDF များက ယနေ့ မွန်းလွဲပိုင်းအချိန်တွင် သေနတ်များဖြင့် ပစ်ခတ်သတ်ဖြတ်သွားကြောင်း သိရပါသည်။

       ထိုသို့ သေနတ်များဖြင့် ပစ်ခတ်မှုကြောင့် ဦးရွှေကျီး တွင် ယာဘက် ဂျိုင်းအောက် ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ဦးခေါင်းနောက်စေ့ ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ကျောပြင် ဝဲဘက်ခြမ်း ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ဝဲဘက် လက်မောင်းရင်း ဖောက်ဝင်ဒဏ်ရာ ၁ ချက်ဖြင့်လည်းကောင်း၊ ဦးမောင်တင် တွင် ဝဲဘက် ရင်အုံ ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ဦးခေါင်းနောက်စေ့ ပွင့်ထွက်ဒဏ်ရာ ၁ ချက်၊ဝမ်းဗိုက် ဖောက်ဝင်ဒဏ်ရာ ၄ ချက်ဖြင့်လည်းကောင်း၊ ဦးတင်ရွှေ တွင် ယာဘက် ဂျိုင်းအောက် ဖောက်ဝင်ဒဏ်ရာ ၂ ချက်၊ဝဲ-နားထင် ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ဦးခေါင်းနောက်စေ့ ဖောက်ထွက်ဒဏ်ရာ ၁ ချက်၊ဝဲဘက် ရင်အုံ ဖောက်ဝင်ဒဏ်ရာ ၁ ချက်ဖြင့်လည်းကောင်း၊ ဦးကျော်မျိုးအောင် တွင် လည်ဂုတ် ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ဦးခေါင်းနောက် စေ့ ဖောက်ထွက်ဒဏ်ရာ ၁ ချက်၊ကျောပြင်ယာဘက်ခြမ်း ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ဦးခေါင်းဝဲဘက်ခြမ်း ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ရင်ဘတ် ဖောက်ထွက်ဒဏ်ရာ ၁ ချက်တို့ဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့သည်။

       ဖြစ်စဥ်မှာ ယနေ့ မွန်းလွဲ ၁ နာရီခွဲအချိန်ခန့်တွင် သေဆုံးသူ ၄ဦးသည် ၎င်းတို့၏ နေအိမ်အသီးသီး၌ရှိနေစဥ် အမည်မသိအကြမ်းဖက် သမား PDF ၂၀ ဦးခန့်က ဆိုင်ကယ် ၁၀စီးခန့်ဖြင့် ဆူးရစ်ကုန်းကျေးရွာအတွင်းသို့ ရောက်ရှိလာပြီး သေဆုံးသူများအား ဦးရွှေကျီး၏ နေအိမ်ခြံဝင်းအတွင်း ဖမ်းဆီးခေါ်ဆောင်လာကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ပြီး ၎င်းအကြမ်း ဖက်သမားများမှာ နွားထိုးကြီး – မလှိုင်သွား ကားလမ်းအတိုင်း မလှိုင်မြို့ဘက်သို့ မောင်းနှင်ထွက်ပြေးသွားကြောင်း သတင်းရရှိပါသည်။

          အဆိုပါ အသတ်ခံရသူ ၄ ဦးမှာ ပြည်ခိုင်ဖြိုးပါ တီ ဝန်းရံသူများဖြစ်ကြောင်း သိရသည်။     ပြည်ပြေးအကြမ်းဖက်ဂိုဏ်းချုပ် NUG ၏ လမ်းညွှန်မှုများကို အကောင်အထည်ဖော်ပေးနေသည့် ပြည်တွင်း အကြမ်းဖက် PDF များသည် စစ်အာဏာရှင်တော်လှန် ရေး အမည်ခံထားသော်လည်း လက်တွေ့တွင် အရပ်ဖက်ပစ်မှတ်များကိုသာ နည်းမျိုးစုံဖြင့် တိုက်ခိုက်နေကြကြောင်း၊ ”ငါနဲ့မတူ ငါ့ရန်သူ” ဟူသော အကြမ်းဖက်ဝါဒဖြင့် ၎င်းတို့နှင့် သဘောထားမတူသော လက်နက်မဲ့ ပြည်ခိုင်ဖြိုးပါတီဝင်များ၊ ဝန်းရံသူများနှင့် ၎င်းတို့၏ မိသားစုဝင်များကို လက်နက်အားကိုးဖြင့် ပစ်မှတ်ထားသတ်ဖြတ်နေခြင်းဖြစ်ကြောင်း သိရပါသည်။