တွင်းနက်ကြီး လည်ပတ်နေသည်ဟု ပထမဆုံးအထောက်အထား တွေ့ရှိ

အောက်တိုဘာ ၂

      နိုင်ငံတကာ သုတေသနအဖွဲ့ တစ်ဖွဲ့က အနှစ် ၂၀ ကျော် ရိုက်ကူးထားသည့် မှတ်တမ်းဓာတ်ပုံများကို ခွဲခြမ်းစိတ်ဖြာပြီး black hole တွင်းနက်ကြီး လည်ပတ်နေသည်ဟု ဖော်ပြသည့် ပထမဆုံး အထောက်အထားကို တွေ့ရှိခဲ့ကြောင်း သိရသည်။

      ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်နှင့် အခြားနိုင်ငံများမှ သုတေသီအဖွဲ့သည် ၎င်းတို့၏ တွေ့ရှိချက်များကို သိပ္ပံဂျာနယ် Nature တွင် စက်တင် ဘာ ၂၉ ရက်နေ့တွင် ဖော်ပြခဲ့သည်။

      သုတေသီများသည် ကမ္ဘာမြေနှင့် အလင်းနှစ် ၅၅ သန်းအကွာတွင်ရှိသော ဂလက်ဆီ M87 ၏ ဗဟိုရှိ တွင်းနက်များကို လေ့လာရန် ကမ္ဘာတစ်ဝန်းရှိ ရေဒီယို တယ်လီစကုပ်ကွန်ရက်ကို အသုံးပြုခဲ့သည်။

       ၎င်းတို့ရရှိသော ဓာတ်ပုံများတွင် တွင်းနက်မှ ဒြပ်ဝတ္ထုတစ်ခု လွင့်စင်ထွက်သွားသည်ကို ပြသထား သည်။ အဆိုပါ လွင့်စင်သွားသည့် ဒြပ်ဝတ္ထု၏ ဦး တည်ချက်သည် အကြမ်းဖျင်းအား ဖြင့် ၁၁ နှစ်တာ ကာလမှသာ ပြောင်းလဲမှုရှိကြောင်း အဆို ပါအဖွဲ့က ပြောကြားသည်။

        ယင်း တွေ့ရှိချက်သည် ဂျပန်နိုင်ငံအမျိုးသားနက္ခတ္တဗေဒ လေ့လာရေးဌာနမှ ပြုလုပ်သော စူပါ ကွန်ပျူ တာ၏ ရလဒ်များနှင့် ကိုက်ညီပြီး တွင်း နက်တစ်ခုပေါက်သွားသည့် သီအိုရီစံနမူနာကို အခြေခံထားကြောင်း သိရသည်။

        အဆိုပါ တွေ့ရှိချက်သည်တွင်းနက်ကြီး လည်ပတ်နေသည်ဆိုသည့် ပထမဆုံး သက်သေဖြစ်ကြောင်း ဂျပန်နိုင်ငံအမျိုးသားနက္ခတ္တဗေဒ လေ့လာရေးဌာနကပြောကြားသည်။

       ၎င်းတို့၏တွေ့ရှိမှုသည် စကြာဝဠာကြီး၌ တည်ရှိသည့် ကြီးမားသောအရာဝတ္ထုများ၏ လျှို့ဝှက်ဆန်း ကြယ်မှုများကို  ထိုးထွင်းသိမြင်မှုအသစ်များ ပေးစွမ်း နိုင်လိမ့်မည်ဟု လေ့လာသူများကဆိုသည်။

         ထို့ပြင် နဂါးငွေ့တန်းများ မည်သို့ ဖြစ်ပေါ် လာသလဲဆိုသည့် ရှာဖွေမှုများ အတွက်လည်း အထောက် အကူဖြစ်စေမည်ဖြစ်ကြောင်း သိရသည်။

#PAN