တနင်္သာရီတိုင်းဒေသကြီးရှိ ကျွန်းပေါင်း ၈၀၀ ကျော်အနက် ကျွန်း ၄၀ တွင် အပန်းဖြေခရီးသွားလုပ်ငန်းများ ဆောင်ရွက် လျက်ရှိ

အောက်တိုဘာ ၂

      တနင်္သာရီတိုင်းဒေသကြီးတွင် ကျွန်းပေါင်း ၈၀၀ ကျော် ရှိသည့်အနက် ကျွန်း ၄၀ မှာ ခရီးသွားလာရေး လုပ်ငန်းအနေဖြင့် အပန်းဖြေခရီးသွားလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို ၏ ပြောကြားချက်အရ သိရပါသည်။ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ရုရှား-မြန်မာချစ်ကြည် ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်းတို့ စက် တင်ဘာလ ၃၀ ရက် နံနက်ပိုင်းက ထားဝယ်မြို့ရှိ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ တွေ့ဆုံစဥ် ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။

      အဆိုပါ တွေ့ဆုံပွဲတွင် တနင်္သာရီတိုင်းဒေသကြီးအတွင်း၌ ပြည်တွင်း/ပြည်ပခရီးသွားဧည့်သည်များကို ဆွဲဆောင်နိုင်သည့် တန်ခိုးကြီးဘုရားများ၊ ထင်ရှားပြီး သာယာလှပသော ပင် လယ်ကမ်းခြေများအပြင် အပန်းဖြေဟိုတယ်များလည်း ရှိကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့ပါသည်။

        ၎င်းအပြင် တနင်္သာရီတိုင်းဒေသကြီအတွင်း ၌ ဟိုတယ်နှင့် တည်းခိုရိပ်သာပေါင်း ၆၀လုံးနှင့် အိပ်ခန်းပေါင်း ၂၄၃၃ ခန်းရှိကာ လက်ရှိဆောက် လုပ်ပြီးစီးပြီး ခရီးသွားများလာရောက်လည်ပတ်လျက်ရှိတဲ့ ကျွန်း ၈ ကျွန်းမှာ ဟိုတယ်ဆောက် လုပ်ထားကာ အပန်းဖြေခရီးသွားလုပ်ငန်းဆောင် ရွက်နေသည့် လုပ်ငန်း ၂ ခုရှိ ကြောင်း သိရပါသည်။

      ဟိုတယ်လုပ်ငန်းများတွင် ရင်းနှီးမြှပ်နှံ လုပ် ကိုင်လိုသူများစွာရှိကာ ပြည်တွင်းမှ လာရောက်အပန်းဖြေသူများနှင့် နိုင်ငံခြားခရီးသွားများ လာရောက်အပန်း ဖြေနိုင်ရေးအတွက်လည်း စီစဉ်ဆောင်ရွက်ပေးထား သည်ဟု ပြောကြားခဲ့ပါသည်။

#PAN