ချောင်းဦးမြို့နယ်နှင့် ကန့်ဘလူမြို့နယ်တို့တွင် တပ်မတော်စစ်ကြောင်းများနှင့် အကြမ်းဖက် PDF အဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး လက်နက်ခဲယမ်းများနှင့်အတူ PDF  ၁၀ ဦးကို အသေဖမ်းဆီးရမိ

အောက်တိုဘာ ၂

        စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ ရွှေလှကျေးရွာအနီးတွင် အကြမ်းဖက် PDF များ ခိုအောင်နေကြောင်း ပြည်သူများမှ သတင်းပေးပို့သည့်အတွက် တပ်မတော်စစ်ကြောင်းများက ယနေ့ နံနက်ပိုင်းတွင် သွားရောက် ရှင်းလင်းချေ မှုန်းခဲ့ရာ အကြမ်းဖက် PDF များ အငိုက်မိပြီး ဖရိုဖရဲ ဆုတ်ခွာထွက်ပြေးကြရကြောင်း သိရပါသည်။

        အဆိုပါ တိုက်ပွဲတွင် အကြမ်းဖက် PDF  ၁၀ ဦးကို သေနတ် ၁၃ လက်၊ ၁၂ဗို့ကျည် ၆၈ တောင့်၊ ကျည်မျိုးစုံ ၃၀၀ ကျော်၊ ၄၀ မမ ၂၅ တောင့်၊ စကားပြောစက် ၅ လုံး ၊ ယူနီဖောင်း ၄ စုံ နှင့် အကြမ်းဖက်ရာတွင် အသုံး ပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ အသေဖမ်းဆီးရမိခဲ့ကြောင်းနှင့် တပ်မတော်စစ်ကြောင်းဖက် ထိခိုက် ကျဆုံးမှုမရှိကြောင်း သိရပါသည်။

       အလားတူ ယမန်နေ့ နံနက် ၁၁ နာရီခွဲအချိန်ခန့်တွင် ကန့်ဘလူမြို့နယ်၊ ငှက်ပျောတိုင်းကျေး ရွာအနီး နယ်မြေလုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အကြမ်းဖက် PDF များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ ၎င်း အကြမ်း ဖက် PDF များထံမှ လက်လုပ်စိန်ပြောင်း ၃ လက် ၊ လက်လုပ်အာရ်ပီဂျီ ၁ လက်၊ လက်လုပ်တစ်တောင့်ထိုး ၁ လက်၊ ၇.၆၂ မမကျည် ၈ တောင့်၊ လက်လုပ်ဗုံးသီး ၁၃ လုံးတို့အား သိမ်း ဆည်းရရှိခဲ့ကြောင်း သတင်းရရှိပါသည်။

       ယခုရက်ပိုင်းအတွင်း တပ်မတော်စစ်ကြောင်းများ၊ နယ်မြေလုံခြုံရေးတပ်ဖွဲ့ဝင်များက  နယ်မြေရှင်းလင်းရေးများကို အရှိန်မြှင့်ဆောင်ရွက်လျှက်ရှိရာ အကြမ်း ဖက်သောင်းကျန်းသူ PDF များနှင့် ထိတွေ့တိုက်ပွဲများနေစဥ်ဖြစ်ပွားလျှက်ရှိကြောင်း၊ အကြမ်းဖက်အဖွဲ့များမှာလည်း ကစဥ်ကလျား ဆုတ်ခွာထွက်ပြေးကြရကာ ၎င်းတို့၏ လက်နက်၊ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများကို ဆက်တိုက်ဆိုသလို သိမ်းဆည်းရမိနေကြောင်း သိရပါသည်။

#PAN