ချမ်းအေးသာစံမြို့နယ်၊စိတ္တရမဟီရပ်ကွက်ရှိ အရပ်သားပြည်သူများ၏ နေအိမ်ခေါင်မိုးပေါ်သို့ အကြမ်းဖက်သမား PDF များက ပစ်ခတ်လိုက်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ

အောက်တိုဘာ ၂

         မန္တလေးတိုင်းဒေသကြီး၊ချမ်းအေးသာစံမြို့နယ်၊စိတ္တရမဟီရပ်ကွက်၊၇၄×၇၅လမ်းကြား၊၂၆×၂၇ လမ်း ကြား စော်ဘွားဝင်း အတွင်းရှိ လူနေခြင်းမရှိသော အိမ်ရှင် ဦးအေးကျင်၊၅၆နှစ်၊(ဘ) ဦးအိုက်လင်း၊အိမ်အမှတ် (၁၃-အ)၊၁၅ ပေ ×၆၀၊ပေ၊အမြင့် ၃၀ပေ ရှိ RC နှစ်ထပ်တိုက် နေ အိမ် အရှေ့ဘက် ခေါင်မိုးပေါ်သို့ ယနေ့ နံနက် ၄ နာရီ ၂၀ မိနစ်အချိန်ခန့်က စိစစ်ဆဲ အကြမ်းဖက် သမား PDF များက ပစ်ခတ်လိုက်သော လက် နက်ကြီး ဟုယူဆသည့် ကျည်ကျ‌ရောက် ထိမှန်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

       ထိုသို့ ပေါက်ကွဲမှုကြောင့် ဦးအေးကျင်၏ နေအိမ်ခေါင်မိုးမှာ ၈ပေ×၆ပေ ခန့်ပြိုကျပျက်စီးခဲ့ကြောင်း၊ အဆိုပါအိမ်၏ ယာဘက်ကပ်လျက်ရှိ ဦးဘိုကြည်၊ ၇၃ နှစ်၊(ဘ)ဦးချစ်မောင်၊ဦးပိုင်ဝန် ထမ်းလုပ်ကိုင်သူ၏ နေအိမ်မှာ အလျား ၁၅ ပေ × အနံ ၆ပေ၊အမြင့် ၇ပေ တံစက်မိတ် ခေါင်မိုးအား အစထိမှန်ကာ အမိုးပေါက်ပြဲခဲ့ပြီး တုန်ခါ‌မူကြောင့် အိမ်အနောက်ဖက်ရှိ အလျား ၄ ပေ × အနံ ၄ ပေ၊အမြင့် ၃ ပေ၊အိမ်သာသုံး ရေကန်ကွဲ အက်ပျက်စီးခဲ့ကြောင်း၊ အိမ်‌​ရှေ့တွင်ရပ်ထား‌သော Mdy /6M/1713၊TOYOTA  RACTIS၊ခဲရောင် ကားရှေ့လေကာမှန် အကြီးဝဲ-ဘက်ဒေါင့်ကွဲအက်ခဲ့ပြီး အိမ်ရှေ့ဓါတ်တိုင်မှ မီးကြိုးပေ ၈၀ ခန့် ၃ ကြိုး ပျက်ကျပျက်စီးခဲ့ကြောင်း၊‌ ပေါက်ကွဲမှူဖြစ်ပွားခဲ့‌သော အခင်းဖြစ် နေ အိမ်၏ အိမ်ရှေ့မှ လက်နက်ကြီးကျည် အပိုင်းအစများ စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရပါသည်။

      လက်နက်ကြီး ကျည်ကျရောက်သည့် အိမ်ရှင် ဦးအေးကျင်မှာ လွန်ခဲ့သော ၁လခန့်က မြစ်ကြီးနားမြို့သို့ သွားရောက်လျက်ရှိကြောင်း၊ လက် နက်ကြီး ပစ်ခတ်သည့်နေရာနှင့် ပစ်ခတ်သူများအား ဖမ်းဆီးရမိနိုင်ရေး မြို့နယ်အတွင်းရှိ နယ် မြေစိုးမိုးသည့် အဆောက်ဦးအမြင့်နေရာများကို နယ်မြေရှင်းလင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN