မက်ဆီ ရဲ့အခြေအနေကို စောင့်ကြည့်နေဆဲဖြစ်တယ်လို့ နည်းပြ မာတီနိုဆို

အောက်တိုဘာ ၁

    အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီ ရဲ့ ဒဏ်ရာပြဿနာက သက်သာလာပြီးနောက် အသင်းနဲ့အတူ လေ့ကျင့် ခန်း ပြန်ဆင်းနေပြီဖြစ်ပေမယ့် ပွဲကစားဖို့ကိုတော့ စောင့်ကြည့်နေရဆဲဖြစ်တယ်လို့  အင်တာမိုင်ယာမီအသင်းနည်းပြ မာတီနို က ပြောခဲ့ပါတယ်။ မက်ဆီဟာ ဒဏ်ရာပြဿနာကြောင့် ကြားရက်မှာ ကစားသွားခဲ့တဲ့ ဟူစတန်ဒိုင်နမို အသင်းနဲ့ ယူအက်စ်အိုးပင်းဗိုလ်လုပွဲကို လွဲချော်ခဲ့တာပါ။

       ပြီးခဲ့တဲ့သောကြာနေ့က အသင်းနဲ့အတူ ပြန် လည်လေ့ကျင့်နေပြီဖြစ်ပေမယ့် လာမယ့်မေဂျာလိဂ်ပွဲမှာ ပါဝင် ကစားဖို့ကိုတော့ မသေချာသေးတာ ဖြစ်ပါတယ်။ အသင်းနဲ့အတူ လေ့ကျင့်ခန်းပြန်ဆင်းနေပြီဖြစ်တဲ့ မက်ဆီရဲ့ အခြေအနေကိုတော့ တစ်ရက်ချင်းစီစောင့်ကြည့်ပြီး ဆုံးဖြတ်သွားမှာဖြစ်တယ်လို့ နည်းပြမာတီနို က ပြောကြားခဲ့ ပါတယ်။ မက်ဆီ မပါနိုင်တဲ့ ယူအက်စ်အိုးပင်း ဗိုလ် လုပွဲမှာ အင်တာမိုင်ယာမီအသင်း ရုန်းကန်ခဲ့ရသလို ပွဲအပြီး မှာလည်း ဟူစတန်ဒိုင်နမိုအသင်းကို ရှုံးနိမ့်ခဲ့ပြီး ချန်ပီယံဆုနဲ့ ဝေးကွာခဲ့ရတာဖြစ်ပါတယ်။

#PAN