ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု အဆိုးရွားဆုံးကြုံတွေ့နေရ

အောက်တိုဘာ ၁

     ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ လက်ရှိအချိန်တွင် သွေးလွန် တုပ်ကွေးရောဂါဖြစ်ပွားမှု အဆိုးရွားဆုံး ကြုံတွေ့နေရပြီး ရောဂါဖြစ်ပွားမှုကြောင့် သေဆုံးသူ ၉ဝဝ ကျော်ရှိကြောင်း သိရသည်။

      သွေးလွန်တုပ်ကွေးရောဂါသည် ခြင်မှကူးစက်သော ရောဂါတစ်မျိုးဖြစ်ပြီး အဖျားကြီးပြီး ပြင်း ထန် သော ခေါင်းကိုက်ဝေဒနာကို ခံစားရသည့်အပြင် အဆစ်များနှင့် ကြွက်သားများကိုပါ နာကျင်စေသည်။

      စက်တင်ဘာလ ၂၄ ရက်က ထုတ်ပြန်ခဲ့သည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ နောက်ဆုံး စာရင်းဇယားများအရ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် သွေး လွန်တုပ်ကွေးရောဂါဖြစ်ပွားမှု မြင့်တက်လျက် ရှိပြီး သေဆုံးသူပေါင်း ၉၀၉ ဦးအထိ စံချိန်တင်ခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ တာဝန်ရှိသူ များက ပြောကြားခဲ့သည်။ နိုင်ငံအတွင်း သွေး လွန်တုပ်ကွေးရောဂါဖြစ်ပွားမှုသည် လွန်ခဲ့သည့် မေလဝန်းကျင်တွင် စတင်ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် ကျန်းမာရေး အာဏာပိုင်များက ပြောကြား သည်။

        စက်တင်ဘာလ ၄ ရက်အထိ ပြည်သူပေါင်း ၁၃၃,၀၀၀ ကျော် သွေးလွန်တုပ်ကွေး ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ အရေအတွက်သည် ယမန်နှစ် အလားတူကာလထက် ဖြစ်ပွားသူ အရေ အတွက် အဆပေါင်း၂၀ ခန့် တိုးမြင့်လာကြောင်း သိရသည်။

      မြို့တော်ဒါကာ၌ ကလေးငယ်အများအပြားသည် ၎င်းတို့၏မိခင်များနှင့်အတူ ဆေးရုံတစ်ခု တွင် ကုသမှုခံယူနေကြသည်ကို မှတ်တမ်းတင်ဗီဒီယိုဖိုင်တစ်ခုတွင် တွေ့မြင်ရသည်။ ခြင်မှ ကူးစက်သော ဗိုင်းရပ်စ်ပိုးသည် သွေးလွန်တုပ်ကွေးနှင့် အခြားရောဂါများ ပျံ့နှံ့မှုကို အထောက်အကူပြုကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ကျွမ်းကျင်သူများက သတိပေးထားသည်။

#PAN