အောက်တိုဘာ ၁
ဖိလစ်ပိုင်နိုင်ငံ၏ ဒစ်ဂျစ်တယ်အသွင်ကူး ပြောင်းမှု တိုးမြှင့်လုပ်ဆောင်ရေးကို ရည်ရွယ်သည့် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရန်အတွက် ဖိလစ်ပိုင်နိုင်ငံအား အမေရိကန်ဒေါ်လာ သန်း ၆၀၀ ထုတ်ချေးရန် ကမ္ဘာ့ဘဏ်က အတည် ပြုခဲ့ကြောင်း စက်တင်ဘာ ၃၀ ရက်နေ့တွင် ပြောကြားခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံ၏ ပထမဆုံး ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှု ဖွံ့ဖြိုးတိုးတက်ရေး မူဝါဒ ချေးငွေသည် အခြေခံအဆောက်အအုံမူဝါဒများဆိုင်ရာ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုကို မြှင့်တင်ရန် ရည်ရွယ်ကြောင်း သိရသည်။
အဆိုပါချေးငွေသည် ဖိလစ်ပိုင်နိုင်ငံအစိုးရ၏ လုပ်ငန်းများကို ဒစ်ဂျစ်တယ်စနစ်ဖြင့် ဝန် ဆောင်မှုပေးခြင်း၊ ဒစ်ဂျစ်တယ်စနစ်အခြေခံအဆောက်အအုံဈေးကွက်များတွင် ပြိုင်ဆိုင်မှုများတိုးပွားလာစေရန်နှင့် ဒစ်ဂျစ်တယ်ငွေပေးချေမှုနှင့် ငွေကြေးဝန်ဆောင်မှုများကို လက်ခံကျင့်သုံးရန် အားပေးကူညီနိုင်မည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်ကပြောကြားသည်။
ဖိလစ်ပိုင်နိုင်ငံ၌ ဒစ်ဂျစ်တယ်ငွေပေးချေမှုများကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုခြင်းသည် ဒစ်ဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် မရှိမဖြစ်လိုအပ်ပြီး သန်းပေါင်းများစွာသော နိုင်ငံ သားများနှင့် အသေးစားစီးပွားရေးလုပ်ငန်းများကို များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ပြောကြားသည်။