ဒေးဒရဲမြို့တွင် တပ်မတော်ထောက်ခံသူ အပြစ်မဲ့ပြည်သူ တစ်ဦးကို အကြမ်း ဖက်သမား PDF နှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ပြီး အသင့်ရပ်ထားသည့် စက်လှေဖြင့် ထွက်ပြေး

အောက်တိုဘာ ၁

     ယမန်နေ့ ည ၉ နာရီအချိန်ခန့်တွင် ဒေးဒရဲမြို့၊ အမှတ်(၂) ရပ်ကွက်၊ ဘုရားလမ်းနေသူ ဦးကျော်စိုး၊ ၅၆ နှစ်၊ (ဘ)ဦးဟုတ်စိန်၊ ဗမာ/ဗုဒ္ဓ၊ကုန်သည်လုပ်ကိုင်သူကို အမည်မသိ အကြမ်း ဖက်သမား PDF နှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ် ထွက်ပြေးသွားကြောင်း သိရပါသည်။

      ဖြစ်စဥ်မှာ ဦးကျော်စိုး သည် ဒေးဒရဲမြို့၊အမှတ် (၁)ရပ်ကွက်၊ ကမ်းနားလမ်းအတိုင်း တစ်ဦးတည်း ဆိုင်ကယ်ဖြင့် နေအိမ်သို့ပြန်လာစဉ်အမှတ်(၁)ရပ်ကွက်၊ လမ်းမတော်လမ်းနှင့် စကားဝါလမ်းထောင့် ဒေါ်ဝင်းစိန်စက်လှေဆိပ်အနီး အရောက်တွင် Mayar အမျိုးအစား 12 အနက်ရောင်ဆိုင်ကယ် (နံပါတ်မပါ) (လိုင်စင်စိစစ်ဆဲ) စီးနင်းလာသည့် အမည်မသိ အကြမ်းဖက်သမား PDF ၂ ဦးက သေနတ်အတို(စိစစ်ဆဲ)ဖြင့် ၇ ချက်ခန့် ပစ်ခတ်ခဲ့ပြီး တိုးမြစ်ကမ်းနားတွင် အသင့်ရပ်ထားသည့် စက်လှေပေါ်သို့တက်ကာ မြစ်ကြောင်းအတိုင်း မောင်းနှင် ထွက်ပြေးသွားခဲ့သည်။

       ထိုသို့ ပစ်ခတ်မှုကြောင့် ဦးကျော်စိုးမှာ ဝမ်း ဗိုက် ၅ ချက်၊ ယာလက်တံတောင်ဆစ် ၁ ချက်၊ ယာပေါင်ထိပ် ၁ ချက်တို့ ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ပြီး ဒေးဒရဲမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်စဉ် ရရှိဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း၊ အခင်းဖြစ်နေရာမှ IK 19 ကျည်ခွံ ၂ ခု၊ 5&B ကျည်ခွံ ၅ ခုတို့အား တွေ့ရှိသိမ်း ဆည်းရရှိခဲ့ကြောင်း သတင်းရရှိပါသည်။

       သေဆုံးသူ ဦးကျော်စိုး သည် တပ်မတော်ထောက် ခံသူတစ်ဦးဖြစ်ကြောင်း သိရပြီး ပြည်ပြေးအကြမ်း ဖက်ဂိုဏ်းချုပ် NUG ၏ လမ်းညွှန်မှုများကို အကောင် အထည်ဖော်ပေးနေသည့် ပြည်တွင်းအကြမ်းဖက် PDF များ၏ ” ငါနဲ့မတူ ငါ့ ရန်သူ ” ဟူသော အကြမ်းဖက်ဝါဒအရ တပ်မတော်ထောက်ခံသူ တစ်ဦးဖြစ်သူ ဦးကျော်စိုး ကို ယခုလို သတ်ဖြတ်ခြင်းဖြစ်ကြောင်း သိရပါသည်။

#PAN