ဂျပန်အမျိုးသားရဲအေဂျင်စီက ဆိုက်ဘာလုံခြုံ ရေးဆောင်ရွက်ရန် ဉာဏ်ရည်တုနည်းပညာကို အသုံးပြုလျက်ရှိ

အောက်တိုဘာ ၁

     ဂျပန်အမျိုးသားရဲအေဂျင်စီသည် လက်ရှိတွင် ရာဇ ဝတ်မှုများဖြစ်ပေါ်လာနိုင်သည့် အွန်လိုင်းသတင်းအချက်အလက်များကိုရှာဖွေရန် ၎င်း၏ဆိုက်ဘာလုံခြုံရေးဆောင်ရွက်မှုများတွင် ဉာဏ်ရည်တုနည်းပညာကို အသုံးပြုလျက်ရှိကြောင်း သိရသည်။

        ယခင်က ဂျပန်အမျိုးသားရဲအေဂျင်စီက တာဝန်ခွဲဝေပေးထားသော ပုဂ္ဂလိက နည်းပညာကုမ္ပဏီတစ်ခုသည် ဆိုရှယ်မီဒီယာပို့စ်များနှင့်အွန်လိုင်းဆိုက်များပေါ်တွင် ရာဇဝတ်မှုဆိုင်ရာအချက်အလက်များကို ရှာဖွေခဲ့သည်။ ယင်းသို့ ရှာဖွေရာတွင် အိုင်တီကုမ္ပဏီသည် အထူးသဖြင့် သေနတ်နှင့် ဖောက်ခွဲရေးပစ္စည်းများပါဝင်သော ရာဇဝတ်မှုများသို့ ဦးတည်သွားစေနိုင်သည့် အဓိ ကစကားလုံးများကို အသုံးပြုခဲ့သည်။

        ဉာဏ်ရည်တုနည်းပညာသည် စကားလုံးများနှင့် ၎င်းတို့၏ အကြောင်းအရာများကို ပိုင်းခြားစိတ်ဖြာခြင်းဖြင့် မရေမတွက်နိုင်သော အွန်လိုင်းအချက် အလက်များမှ သံသယဖြစ်ဖွယ်အကြောင်းအရာများကို အလိုအလျောက်ခွဲထုတ်နိုင်သည့်အတွက် ဂျပန်အမျိုးသားရဲအေဂျင်စီက ဉာဏ်ရည်တုနည်းပညာကို စတင်အသုံးပြုလျက်ရှိကြောင်း သိရသည်။  နိုင်ငံအတွင်း၌ သေနတ်နှင့် ဖောက်ခွဲရေးပစ္စည်းများ ပါဝင်သည့်ရာဇ၀တ်မှုများ လွန်ခဲ့သောနှစ်များအတွင်း မကြာခဏဖြစ် ပွားခဲ့သည်။

       အဆိုပါ ပြစ်မှုကျူးလွန်သူများကိုလည်း အင်တာနက်ပေါ်တွင် တင်ထားသော အချက်အလက်များကို အသုံးပြု၍ ဖော်ထုတ်နိုင်ခဲ့သည်။လုယက်မှုများနှင့် လိမ်လည်လှည့်ဖြားသည့် လှုပ် ရှားမှုများကိုလည်း အွန်လိုင်းပို့စ်များမှတစ်ဆင့် ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

       ဉာဏ်ရည်တုနည်းပညာစနစ်သည် ရာဇဝတ်မှုများကို တားဆီးနိုင်မည်ဟု မျှော်လင့်ကြောင်းနှင့် ဆိုက်ဘာလုံခြုံရေးဆောင်ရွက်မှုများကို ပိုမိုထိရောက်စေပြီး အန္တရာယ်ရှိသောသတင်းအချက် အလက်များကို စောစီးစွာသိရှိနိုင်စေမည်ဖြစ်ကြောင်း အမျိုးသားရဲအေ ဂျင်စီက မှတ်ချက်ပြုပြောကြားသည်။

#PAN