ချမ်းမြသာစည်နှင့် တောင်ကြီးမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

အောက်တိုဘာ ၁

     မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၂၇ ရက် မွန်းလွဲ ၃ နာရီခွဲအချိန်တွင် ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၄)ရပ်ကွက် ၁၁၂ လမ်းနှင့် ၆၂(B) လမ်းထောင့်တွင် စိုးမြတ်ဘုန်း၊ ခင်ဇော်၊ ရဲကျော်သူ (ခ)ကိုရဲနှင့် မစိုးမြတ်မွန်(ခ)မိငယ်တို့သုံးဦးအား ဆိုင်ကယ်တစ်စီးနှင့်အတူ မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ် ဆေးရှာဖွေရာ ဘိန်းဖြူ၂ ဒသမ၂ ကီလိုနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

        အလားတူ စက်တင်ဘာ ၂၈ ရက် ညနေ ၅ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက် တောင်ကြီးတက္ကသိုလ်လမ်းမတွင် ခွန်ဝင်းရွှေ (ခ)ချစ်ဆွေ မောင်းနှင်ပြီး မမိုးမိုးအေး (ခ)မိုးခမ်း လိုက်ပါလာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၉၉၀၀၀ ကို သိမ်းဆည်းရမိခဲ့သည်။

      အဆိုပါ ချမ်းမြသာစည်မြို့နယ်တွင် ဖမ်းဆီးရမိ တရားခံများဖြစ်ကြသော စိုးမြတ်ဘုန်း၊ ခင်ဇော်၊ ရဲကျော်သူ(ခ)ကိုရဲနှင့် မစိုးမြတ်မွန်(ခ)မိငယ်နှင့် တောင်ကြီးမြို့တွင် ဖမ်းဆီးရမိ တရားခံများဖြစ်ကြသော ခွန်ဝင်းရွှေ (ခ)ချစ်ဆွေ၊ မမိုးမိုးအေး (ခ)မိုးခမ်း တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရအရေးယူထားကြောင်း သိရသည်။

#PAN