ထိုင်းနှင့် ကမ္ဘောဒီးယားနှစ်နိုင်ငံ ကုန်သွယ်မှုပမာဏကို ၂၀၂၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံအထိ တိုးမြှင့်မည်

စက်တင်ဘာ ၃၀

     ထိုင်းဝန်ကြီးချုပ် ဆရက်သာ သာဝီဆင်နှင့်
ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်တို့ ကမ္ဘော ဒီးယားနိုင်ငံ ဖနောင်ပင်မြို့တော်၌ ယမန်နေ့က တွေ့ဆုံခဲ့ကြောင်း သိရသည်။

       ဝန်ကြီးချုပ်နှစ်ဦးက စီးပွားရေး၊ ကုန်သွယ်မှု
နှင့် ရာဇ၀တ်မှုတန်ပြန်ရေး အစီအမံများအပါ အဝင် အခြားသောဒေသတွင်းဆိုင်ရာ ကိစ္စရပ်များကိုဆွေးနွေးကြသည်။

       ယခုခရီးစဉ်သည် ထိုင်းဝန်ကြီးချုပ် ဆရက်သာ သာဗီဆင် ရာထူးအာဏာစတင်ထမ်းဆောင်သည့် အချိန်မှစပြီး ပထမဆုံး နိုင်ငံခြားခရီးစဉ်ဖြစ်သည်။ အလားတူ ဝန်ကြီးချုပ် ဟွန်မာနက်ကလည်း ၎င်း၏ နိုင်ငံအတွင်း နိုင်ငံခြားခေါင်းဆောင် တစ်ဦးကို ပထမဆုံးအကြိမ် လက်ခံတွေ့ဆုံခြင်း ဖြစ်သည်။

       ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟွန်မာနက်က ၎င်း၏ ဖခင်ဖြစ်သူ ဟွန်ဆန်၏နေရာကို ဆက်ခံခဲ့သည်။ ၎င်း၏အာဏာရပါတီသည် ဇူလိုင်လတွင်ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲ၌ အပြတ်အသတ်အနိုင်ရရှိခဲ့သည်။

#PAN