YBS များကို တိုင်ကြားသည့်အမှု ၁၆,၀၀၀ ကျော်ရှိ

စက်တင်ဘာ ၂၉

        ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသည့် YBS ယာဉ်လိုင်းများ ယာဉ်စည်းကမ်းဖောက် ဖျက်မှုများကြောင့် တိုင်ကြားလာသည့် အမှုပေါင်းမှာ ယခုနှစ် စက်တင်ဘာလ ၂၅ ရက် အထိ ၁၆,၆၉၉ မှုရှိသည်ဟု YRTC တွဲဖက်အတွင်းရေး မှူး ဦးလျန်ကျင့်မန်က ပြောပါသည်။ ၎င်းအမှုများထဲမှ ၈,၁၈၆ မှုကို ဖြေရှင်းအရေးယူဆောင်ရွက်ပြီးဖြစ်ကာ ၈,၅၁၃ မှုမှာ အရေး ယူရန် ကျန်ရှိနေ သေးကြောင်း ဆိုပါသည်။

        YBS ယာဉ်များအနေနှင့် အတက်အဆင်းတံခါးများဖွင့်ပြီး မောင်းနှင်ခြင်းမျိုးများကြောင့် ခရီးသည်များ အသက်ရှုံးခဲ့ရခြင်းများ ရှိခဲ့သည့်အတွက် အတက်အဆင်း ယာဉ်တံခါးဖွင့်လှစ် မောင်းနှင်တာမျိုးအပြင် မီးနီဖြတ်မောင်းခြင်း၊ လမ်းပြောင်းပြန်မောင်းနှင်ခြင်းများကိုလည်း ယာဉ်စည်းကမ်းထိန်းသိမ်းကြီးကြပ်ရေးအဖွဲ့များနှင့် ကြပ်မတ်စစ်ဆေး အရေးယူခြင်းများ ပြုလုပ်သွားမည်ဟု သိရပါသည်။

#PAN