“NATO မဟာမိတ်တပ်ဖွဲ့ဝင်များက ဘော်တစ်ပင်လယ်ဒေသအတွင်း ရုရှားတို့၏ သြဇာလွှမ်းမိုးမှုများ အရှိန်မြင့် တင်လာ သော ကြောင့် AWACS အမျိုးအစား ထောက်လှန်းရေးလေယာဥ်များအား ဖြန့်ကြက်မှုများ စတင်ပြုလုပ်နေ”

စက်တင်ဘာ ၂၉

NATO မဟာမိတ်တပ်ဖွဲ့ဝင်များ က ရုရှား နိုင်ငံ၏ စစ်ရေးလှုပ်ရှားမှုများကို စောင့်ကြည့်နိုင် ရန် AWACS ထောက်လှမ်း ရေးဂျက် လေယာဉ်များကို လစ်သူယေးနီးယားသို့ ဖြန့်ကြက်ချထား ကြောင်း သတင်းဌာနများ ပြီးခဲ့သည့် စက်တင်ဘာ ၂၈ရက်နေ့ ကဖော်ပြထားကြပါတယ်။

Airborne Warning and Control System (AWACS) လေယာဉ် ၂စင်းသည် ပြီးခဲ့သည့် စက်တင်ဘာ ၂၈ မှ ယနေ့ ၂၉ ရက်နေ့အထိ မဟာမိတ်နိုင်ငံများ၏နယ်နိမိတ် ဧရိယာများ ကို စူးစမ်းမှုများပြုလုပ်သွား မည်ပြီး ရုရှားတို့၏ ရန်လိုမှုများသည် ဘောလ် တစ်ပင်လယ်ဒေသအတွင်း ခြိမ်းခြောက် များစွာရှိနေတယ်လို့ နေတိုး တပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။

NATO မဟာမိတ်တပ်ဖွဲ့ဝင်တို့၏ Spox အမည်ရှိ ထောက်လှန်းရေး ဂျက် လေယာဥ် Spox သည် တိုက်ခိုက်ရေး လေယာဉ်များ နှင့် ဒုံးကျည်များကို ကီလိုမီတာ ရာနှင့် ချီအကွာအဝေးမှ ထောက်လှမ်း နိုင်ကြောင်းလည်း ၎င်းက ထပ်လောင်း ပြောကြားခဲ့ပါသေးတယ်။

ထို့နောက် အမေရိကန်နိုင်ငံ စစ်တပ်ကလည်း ရိုမေးနီးယား ပင်လယ်နက်တွင် နောက်ထပ် ထောက်လှန်းရေး ဂျက်လေယာဉ်များ ဖြန့်ကျက် ချထားသွားမည်ဖြစ်ပြီး အဆိုပါ ဒေသတွင်းရှိ နေတိုးမဟာမိတ် လက်နက်ကိုင် များ အနေဖြင့် မကြာသေးမီကာလများတွင် ရာနှင့်ချီဝေးသော ကင်းလှည့်မှုများကို ပြုလုပ်ခဲ့ပြီး လည်းဖြစ်ပါတယ်။

အဆိုပါ NATO မဟာမိတ်အဖွဲ့၏ AWACS ထောက်လှန်းရေး ဂျက်လေယာဥ်များ၏ မစ်ရှင်သည် လာမည့် ရက်များတွင် စတင်တော့မှာဖြစ်ပြီး ရက်သတ္တ ပတ် များစွာအချိန်ကြာမြင့်စွာ ထောက်လှန်းမှု များပြုလုပ်သွားမည်ဖြစ်ကြောင်း နှင့် ယူကရိန်းစစ်တပ်အား ထောက်လှန်းရေး အချက်အလက်များ ပေးပို့သွား မည်ဖြစ်ကြောင်း သတင်းဌာနများကဖော်ပြပြောဆိုထားကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *