Gas ထည့်ဖို့ကားတန်းစီပြီး လမ်းဆင်းလျှောက်နေသည့် YBS ၃၂ ယာဥ်မောင်းအား Mini bus မှ ဝင်တိုက်၊YBS ယာဉ်မောင်းသေဆုံး


စက်တင်ဘာ ၂၉

ယနေ့ နံနက် ၆နာရီခွဲ အချိန်ခန့်က ရန်ကုန်တိုင်း​ဒေသ​ကြီး ၊ မင်္ဂလာဒုံမြို့နယ်၊ ပြည်လမ်းမကြီးပေါ်တွင် Gas ထည့်ရန်တန်းစီထားသည့် YBS ၃၂ယာဥ် နှင့် လမ်းဆင်းလျှောက်နေသည့် ယာဉ်မောင်းတို့အား Mini bus ယာဉ်က ဝင်တိုက်မိခဲ့ကြောင်း သိရသည်။

​ဖြစ်စဥ်မှာ ရှမ်းစု Gas ဆိုင်အနီးတွင် Gas ထည့်ရန်တန်းစီထားသည့် YBS ၃၂ ယာဉ်နှင့် ယာဥ်ပေါ်မှဆင်း၍ လမ်းလျှောက်နေသည့် ယာဉ်မောင်းအား ရန်ကုန် – ပဲခူးပြေးဆွဲနေသည့် လိုင်းကားမှ အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ယာဥ်တိုက်မှု့ကြောင့် YBS ၃၂ယာဥ်မောင်းသည် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး ဝင်တိုက်သည့်ကားသမားကိုလည်း ဖမ်းမိထားကြောင်း၊ သေဆုံးသူ၏ ရုပ်အလောင်းအား ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ အင်းစိန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်းသတင်းရရှိသည်။

#PAN