ဧရာဝတီတိုင်းဒေသကြီးမြစ်ကြောင်း ၄ ခုတွင် ငါးသလောက် ဖမ်းဆီးခြင်းမပြုရန် အသိပေးထုတ်ပြန်

စက်တင်ဘာ ၂၉

      စက်တင်ဘာလ ၁၅ ရက်နေ့မှ အောက်တို ဘာလ ၁၅ ရက်နေ့အထိ ဧရာဝတီတိုင်းဒေသကြီးရှိ မြစ်ကြောင်း ၄ ခုတွင် ငါးသလောက်ဖမ်းဆီးခြင်းမပြုရန် ဧရာဝတီတိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။

      ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာ မြစ်ပေါက်ကြီး ၉ ခုရှိပြီး မြစ်ပေါက် ၅ ခုကို တားမြစ်ခြင်းမပြုဘဲ ငါးသလောက် အတက်ဆုံးဖြစ်သည့် တိုးမြစ်ကြောင်း၊ ဘိုကလေးမြစ်ကြောင်း၊ ပြန်မလော့မြစ်ကြောင်းနှင့် ရွေးမြစ်ကြောင်း စသည့် မြစ်ကြောင်း ၄ ကြောင်းကို ငါးသလောက်ထိန်း သိမ်းဧရိယာအဖြစ်သတ်မှတ်ပြီး ငါးသလောက်ဖမ်းဆီးခြင်းမပြုရန် တားမြစ်ထားခြင်းဖြစ်သည်ဟု သိရပါသည်။

        ထို့အပြင် ပေါက်ဖွားလာသည့် ငါးသလောက်များ ဆက်လက်ရှင်သန်ကြီးထွားရန်နှင့် သေကြေပျက်စီးမှုမရှိစေရန် ထိန်းသိမ်းရေးဧရိယာ ၁၁ ခုသတ်မှတ်ထား သည်ဟု ဆိုပါသည်။ သတ်မှတ်ချက်များကို ဖောက် ဖျက်ပါက သက်ဆိုင်ရာ ဥပဒေအရ အရေးယူဆောင် ရွက်သွားမှာဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိပါသည်။

#PAN