ယနေ့ ကုန်စျေးနှုန်းသတင်း

စက်တင်ဘာ ၂၉

      ယနေ့ အတွက် ရန်ကုန်ဘုရင့်နောင် ကုန်စည် ဒိုင်များမှ ရရှိသော ကုန်ဈေးနှုန်းများအရ မတ်ပဲနဲ့ ပဲစင်းငုံနီဈေးများ အနည်းငယ် ပြန်တက်လာပြီး ပြောင်းဆန်နှင့် ကုလားပဲဈေးများမှာ ဈေးငြိမ်နေပါသည်။ ကြက်သွန်နီဈေး အနည်းငယ် ကျဆင်းလာပြီး ကြက်သွန်ဖြူနှင့် အာလူးဈေးများမှာ ဈေးငြိမ်နေပါသည်။

        မတ်ပဲ (FAQ/RC) တစ်တင်းကို ၈၀,၉၅၀ ကျပ်၊ မတ်ပဲ (SQ/RC) တစ်တင်းကို ၉၀,၂၇၅ ကျပ်၊ မတ်ပဲ (Raw) တစ်ပိဿာကို ၄,၁၂၅ ကျပ်မှ ၄,၁၆၀ ကျပ်ထိ၊ ပဲစင်းငုံနီ တစ်တင်းကို ၁၃၁,၀၃၀ ကျပ်၊ ပဲတီစိမ်း တစ်ပိဿာကို ၂,၇၅၀ ကျပ်မှ ၃,၆၃၀ ကျပ်ထိ၊ ကုလားပဲဖြူလုံးအသေး တစ်ပိဿာကို ၄,၅၈၀ ကျပ်မှ ၄,၆၇၀ ကျပ်ထိ၊ ကုလားပဲဖြူလုံးအကြီး တစ်ပိဿာကို ၄,၆၆၅ ကျပ်မှ ၄,၇၂၀ ကျပ်ထိ၊ ပြောင်းဆန် တစ်ပိဿာကို ၁,၀၈၀ ကျပ်မှ ၁,၁၀၀ ကျပ်၊ ပဲပုပ် (ဆီတိုး/အထွက်တိုး) တစ်ပိဿာကို ၃,၄၁၅ ကျပ်မှ ၃,၅၈၅ ကျပ်ထိ၊ ကြက်သွန်နီ တစ်ပိဿာကို ၂,၅၀၀ ကျပ်မှ ၃,၁၀၀ ကျပ်ထိ၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာကို ၇,၃၀၀ ကျပ်မှ ၇,၅၀၀ ကျပ်ထိ၊ သကြား တစ်ပိဿာကို ၃,၇၃၀ ကျပ်မှ ၃,၇၅၀ ကျပ်ထိ၊ အာလူး တစ်ပိဿာကို ၁,၉၀၀ ကျပ်၊ ထန်းလျက် တစ်ပိဿာကို ၃,၆၀၀ ကျပ်ကနေ ၅,၈၀၀ ကျပ် ဖြစ်ပေါ်နေပါသည်။

       နိုင်ငံခြားငွေလဲလှယ်နှုန်းများမှာ မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) ၏ ထုတ်ပြန်ချက်အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၂,၁၀၆.၃၀ ကျပ်နှင့် စင်ကာပူ တစ်ဒေါ်လာကို မြန်မာငွေ ၁,၅၃၇.၅၉ ကျပ် ဈေးဖြစ်ပါသည်။

       စက်သုံးဆီဈေးနှုန်းများမှာ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD) ၏ နေ့စဉ် ထုတ်ပြန်ချက်အရ Octane 92 တစ်လီတာကို ရန်ကုန်တွင် ၂,၂၄၅ ကျပ်၊ မန္တလေးတွင် ၂,၂၉၅ ကျပ်၊ နေပြည်တော်တွင် ၂,၂၉၀ ကျပ်၊ Octane 95 တစ်လီတာကို ရန်ကုန်တွင် ၂,၃၅၅ ကျပ်၊ မန္တလေးတွင် ၂,၄၀၅ ကျပ်၊ နေပြည်တော်တွင် ၂,၄၀၀ ကျပ်၊ ဒီဇယ် တစ်လီတာကို ရန်ကုန်တွင် ၂,၅၉၅ ကျပ်၊ မန္တလေးတွင် ၂,၆၄၅ ကျပ်၊ နေပြည်တော်တွင် ၂,၆၄၀ ကျပ်၊ Premium ဒီဇယ် တစ်လီတာကို ရန်ကုန်တွင် ၂,၆၇၀ ကျပ်၊ မန္တလေးတွင် ၂,၇၂၀ ကျပ်၊ နေပြည် တော်တွင်၂,၇၁၅ ကျပ် ဈေးရှိနေပါသည်။

      ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းလုပ်ငန်းရှင်များအသင်း(YGEA)၏ ယနေ့ထုတ်ပြန်ချက်အရ အကယ် ဒမီ မီးလင်းရွှေဈေးနှုန်း ကတော့ ကျပ်သိန်း (၂,၂၀၆,၆၀၀ိ/-) နှစ်ဆယ့် နှစ်သိန်း ခြောက်ထောင့် ခြောက်ရာ ရှိနေသည်ဟု သိရပါသည်။

#PAN