မြန်မာအသင်း ဂျပန်အသင်းကို ၇ ဂိုးပြတ်အရေးနိမ့်ခဲ့

Photo: MFF

စက်တင်ဘာ ၂၉
တရုတ်နိုင်ငံ ဟန်ကျိုးမြို့မှာ ကျင်းပနေတဲ့ ၁၉ ကြိမ်မြောက် အာရှအားကစား အမျိုးသားဘောလုံးပြိုင်ပွဲ ၁၆ သင်းအဆင့်ပွဲစဉ်ဖြစ် စက်တင်ဘာ ၂၈ ရက် မနေ့ညနေက ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာယူ-၂၄ အသင်းက ဂျပန်ယူ-၂၄ အသင်းကို ၇ ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်ရှုံးနိမ့်ပါတယ်။ မြန်မာအသင်းဟာ ၄၉ နှစ်နီးပါးကြာမှ ၁၆ သင်းအဆင့်ကို ပြန်လည်ကစားခွင့်ရခဲ့ပေမဲ့ ဂျပန်အသင်းကို ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီး ပြိုင်ပွဲမှ ထွက်ခွာသွားခဲ့ရပြီလည်းဖြစ်ပါတယ်။
ကွာတားဖိုင်နယ်ပွဲစဉ်များအဖြစ် အိမ်ရှင်တရုတ်နှင့် လက်ရှိချန်ပီယံ တောင်ကိုရီးယား၊ ဥဇဘက်ကစ္စတန်နှင့် ဆော်ဒီအာရေဗျ၊ အီရန်နှင့် ဟောင်ကောင်၊ မြောက်ကိုရီးယားနှင့် ဂျပန်အသင်းတို့ တွေ့ဆုံလျက်ရှိပြီး အောက်တိုဘာ (၁)ရက်တွင် ယှဉ်ပြိင်ကစားသွားမှာဖြစ်ကြောင်းသိရပါတယ်။