ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ အထင်ကရ ဘုရားစေတီ ၁၀ ဆူကိုမိုးကြိုးလွှဲတွေတပ်ဆင်မည်

စက်တင်ဘာ ၂၉

        မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်ရှိ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှ အထင် ကရ ဘုရားစေတီ ၁၀ ဆူကို မိုးကြိုးလွှဲတွေတပ်ဆင်သွားမည်ဟု  သိရပါသည်။

       ပုဂံဘုရားများမှာ မိုးကြိုးထိမှန်ပြီးပျက်စီးမှုများ ယခုမိုးတွင်းကာလ၌ ကြုံတွေ့လာရခြင်းဖြစ်၍ မိုးကြိုးလွှဲများ တပ်ဆင်ရန် ယခုအချိန်အတွင်း ဆောင်ရွက်မှာဖြစ်ကြောင်း ဆိုပါသည်။

       ၂၀၁၆ ခုနှစ်က ငလျင်ဒဏ်သင့်ခဲ့တဲ့ ပုဂံဒေသရှိ စေတီပုထိုးများအား ပြန်လည်ပြုပြင်ရာ သံနှင့်ကွန်ကရစ်များ အသုံးပြုထားသည့်​အတွက် ပုဂံဒေသရှိ စေတီပုထိုးများ မကြာခဏ မိုးကြိုး စက်ကွင်းထိမှန်မှုများ ဖြစ်ပေါ်နေခြင်းဖြစ် ကြောင်း၊ ယခုနှစ်မိုးတွင်းကာလတွင် ဗူးဘုရားစေတီနှင့် ဓမ္မရာဇကစေတီ တို့မှာ မိုးကြိုးထိမှန်ခဲ့သည့်အတွက် ပြန်လည်ပြုပြင်မှုများ ဆောင်ရွက်လျက်ရှိနေကြောင်းလည်း သိရပါသည်။

#PAN