စက်တင်ဘာ ၂၉
ခရီးသွားဧည့်သည်များအလည်အပတ်ရှိနေသည့် သံဖြူဇရပ်မြို့နယ် စက်စဲကမ်းခြေ၌ ယနေ့ မွန်းလွဲတွင် ဒီရေမြင့်တက်မှုကြောင့် ကမ်းခြေ၏ နေရာအချို့ ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရှိရသည်။
“ဒီကနေ့က ရေတက်ရက်လည်းဖြစ်တယ်။ စက်စဲကမ်းခြေမှာ ယခင်နှစ်တွေနဲ့မတူပဲ ရေက ၂ပေခွဲေလာက်ပိုတက်လာတယ်။ မိုးကလည်းရွာနေတယ် ဒီနေ့က လပြည့်ဆိုတော့ ဧည့်သည်တွေကလည်းကျတယ်။ လေကာပင်တွေနည်းနည်းလဲတယ်။ ကမ်းခြေက ဒီရေတားတွေပေါ့လေ နည်းနည်းပျက်တယ် ဒီလောက်ပါပဲ။ ရေတက်ချိန်ကတော့ ဧည့်သည်တွေ ကမ်းခြေဆင်းလို့မရဘူး တားမြစ်ထားတယ်။ ရေပြန်ကျသွာရင်တော့လည်း ပုံမှန် ပြန်ဖြစ်သွားတာပါ “ဟု စက်စဲကမ်းခြေကိုအမှီပြုပြီး ဒေသထွက်ပစ္စည်းများရောင်းချသူတစ်ဦးမှ PAN ကိုပြောသည်။
ဒီကနေ့ စက်တင်ဘာလ ၂၉ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်ကစတင်ကာ ဒီရေမြင့်တက်မှုဖြစ်ပွားကြောင်းသိရှိရပြီး ကမ်းခြေရှိဆိုင်ခန်းများ ၊ အုတ်နံရံများနှင့် ထင်းရူးပင်အချို့ ပြိုကျပျက်စီးခဲ့သော်လည်း သေဆုံး ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရှိရသည်။