စက်တင်ဘာ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ မန်ကျီးခွကျေးရွာအနီး အကြမ်းဖက် PDF များ စခန်းချအခြေပြုနေကြောင်း သတင်းအရ နယ် မြေလုံခြုံရေးအဖွဲ့များက စက်တင်ဘာ ၂၆ ရက်နေ့က သွားရောက်ရှင်းလင်းတိုက်ခိုက်ခဲ့ရာ လက် နက်ခဲယမ်းနှင့် အကြမ်းဖက်ပစ္စည်းများနှင့်အတူ အကြမ်းဖက်သမား PDF ၅ ဦး ကို အသေဖမ်း ဆီးရမိခဲ့ပြီး အကြမ်းဖက် PDF များ ကစဥ်ကလျား ကိုယ်လွတ်ရုန်း ထွက်ပြေးသွားခဲ့ကြရသည်။
အဆိုပါ ဖြစ်စဥ်ဖြစ်ပွားပြီးနောက် နယ်မြေလုံခြုံရေးတပ်ဖွဲ့များက မန်ကျီးခွကျေးရွာအနီး အသေးစိတ်ရှင်းလင်းခဲ့ရာ စက်တင်ဘာလ ၂၇ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်တွင် အကြမ်း ဖက် PDF များ အခြေပြုခဲ့သည့် အကြမ်းဖက်စခန်းကို တွေ့ရှိခဲ့သည်။ အဆိုပါ စခန်းအတွင်းရှိ လူနေတဲ ၁၂ လုံး၊ ခဲယမ်း တိုက် ၁ လုံးတို့ကို ရှင်းလင်းရာ လက်လုပ်သေနတ် ၂၅ လက်၊ ၁၀၇ မမ ဒုံးသီး ၃ လုံး၊ အမ်-၂၂ ကျည် ၂၆၀ တောင့်၊ကာဘိုင်ကျည် ၃၅၀ တောင့်၊ ၇.၆၂ ကျည် ၂၈၂ တောင့်၊ တရုတ်လက်ပစ်ဗုံး ၁၀ လုံး၊ လက်လုပ်လက်ပစ်ဗုံး ၁၁ လုံး၊ အမ်-၂၂ကျည်အိမ် ၄ ခု၊ တိုက်မိုင်း ၂ လုံး၊ ၄၀ မမဗုံးသီး ၁၇ လုံး၊ လက် လုပ်မိုင်း ၈၃ လုံး၊ ယမ်းကြိုး ၃ ခွေ၊ ယမ်းမှုန့် (၅ပိဿာ) ၁ ထုပ်၊ ဒီတိုနေတာ ၁၅၄၀ ခု၊ ၁၀၇ မမ ဒုံးပစ်စင် ၁ ခု၊ ကျည်ကာအင်္ကျီ(အနက်) ၉၀ ထည်၊ အီကွေ့မန့် ၁၀ စုံ၊ Hobby Wing ဒရုန်း(အကြီး) ၂ စီး၊ Phantom Drone ဒရုန်း ၃ စီး၊ လက်လုပ် Drone ၁ စီး၊ ဘက်က္ထရီ Charger ၁၀ ခု၊ Drone ဘက္ထရီ ၉ ခု၊ FM Drone (Remove Control)RC ၁ ခု၊ Xeza Drone Body(ဆေးဖြန်း Drone) ၂ ခု၊ Drone Controller ၁၀ ခု၊ ဆိုင်ကယ်မျိုးစုံ ၁၄ စီး၊ ၆ ဘီးယာဉ် ၁ စီး၊ ကီးပက်ဖုန်း ၈ လုံး၊ လက်လုပ် Drone ၁ ခု၊ တွင်ခုံ ၂ ခု၊ မီးအားမြှင့်စက် ၁ လုံး၊ပလပ်စတစ်ထိုင်ခုံ ၃၆ လုံးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သတင်း ရရှိပါသည်။