“Uzbekistan နိုင်ငံ၏ လေဆိပ်တွင် မီးလောင်ပေါက်ကွဲမှုများဖြစ်ပွားခဲ့ရပြီး ၎င်းတို့နိုင်ငံအတွင်း အလွန် ပြင်းအားကြီးသော မတော်တဆမှုကြီး တစ်ခုအဖြစ် မှတ်တမ်းတင်ခံရ”

စက်တင်ဘာ ၂၈

Uzbekistanနိုင်ငံ၏မြို့တော် Tashkent မြို့လေဆိပ် ၏ အကောက်ခွန်ဂိုဒေါင်ကြီး အနီးတွင် အားပြင်းသော ပေါက်ကွဲမှုတစ်ခု ပြီးခဲ့သည့် စက်တင်ဘာ ၂၇ရက် ညကပိုင်းအချိန်က ဖြစ်ပွားခဲ့ရတာဖြစ်ပါတယ်။

မြို့တော် Tashkent မြို့၏ လေဆိပ် အနီးတွင် ဗုဒ္ဓဟူးနေ့ည မှ ကြာသပတေးနေ့မနက် အချိန်အတွင်း ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရကြောင်း Uzbekနိုင်ငံ၏ မီဒီယာ များက ဖော်ပြခဲ့ကြပြီး အဆိုပါ ဒေသ၏ အာဏာပိုင် များကလည်း မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရ သောကြောင့် ဒဏ်ရာရ ရှိမှုများရှိခဲ့ကြောင်း ဖော်ပြပြော ဆိုထား ကြပါတယ်။

အဆိုပါ မီးလောင်ပေါက်ကွဲမှုနှင့်ပတ်သတ်ပြီး Nova24 သတင်းဌာနက မျက်မြက် သက်သေ များ၏ ပြောကြားချက်များအား ကိုးကားပြီး Tashkent မြို့ လေဆိပ်အနီးရှိ အကောက် ခွန်ဂိုဒေါင်တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းနှင့် ညကောင်းကင်ယံအချိန် တွင် မီးတောက်များနှင့် မီးခိုးများ ထွက်နေသည့် ဗီဒီယိုများ ဆိုရှယ်မီဒီယာများပေါ်တွင် ပျံ့နှံ့သွားခဲ့ရကြောင်း ယနေ့ စက်တင်ဘာ ၂၈ရက်နေ့တွင် ဖော်ပြပြော ဆိုထား ပါတယ်။

Uzbekနိုင်ငံ၏ကျန်းမာရေးဝန်ကြီးဌာနမှလည်း ၎င်းတို့နိုင်ငံ၏ လေဆိပ်ဂိုဒေါင်တွင် မီးလောင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သတင်းထုတ် ပြန်ထားပြီး ဒဏ်ရာရရှိသူများအား ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ထုတ်ပြန် ကြေညာ ခဲ့ပါတယ်။

“လောလောဆယ်တော့ ထိခိုက်ဒဏ်ရာ ပြင်းပြင်းထန်ထန် မရှိပါဘူး။ လက်ရှိမှာတော့ ဆရာဝန်တွေက လိုအပ်တဲ့ ဆေးဘက်ဆိုင်ရာ အကူအညီတွေ အားလုံးကို ဖြည့်ဆည်း ပေးနေပါတယ်” လို့ Uzbekနိုင်ငံ၏ ကျန်းမာရေး ဝန်ကြီးဌာနက ၎င်းတို့၏ ဝက်ဆိုဒ် ပေါ် တွင် ​ထုတ်ပြန်ကြေညာထားပြီး”အခင်းဖြစ်ပွားရာနေရာနဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ တိုက်ခန်းတွေမှာ နေထိုင်ကြသူတွေအနေနဲ့ မီးလောင် ဒဏ်ရာရ သူတွေကိုလည်း အရေးပေါ်ဆေးကုသမှု ပေးနေပါတယ်။” လို့လည်း အဆိုပါ ဝန်ကြီးဌာနက ထပ်လောင်းပြောကြားခဲ့ပါတယ်။

Uzbekistan သည် ဗဟိုအာရှတိုက်ရှိ ဆိုဗီယက်သမ္မတဟောင်း နိုင်ငံများတွင် လူဦးရေ အများဆုံးနိုင်ငံလည်း ဖြစ်ပြီး ၎င်းတို့နိုင်ငံ အတွင်းရှိ ပျက်စီးယို ယွင်းနေသော စက်ပစ္စည်းများ နှင့် လုံခြုံရေးစံနှုန်းများ ညံ့ဖျင်းခြင်းကြောင့် မီးလောင်ကျွမ်းမှုများ အဖြစ်များသော နိုင်ငံလည်းဖြစ်ပါတယ်။

သို့သော် ယခုလို ပြင်းအားကြီးသည့် မတော်တဆမီးလောင်ပေါက်ကွဲ မှုများမှာ ရှားပါးနေဆဲဖြစ်ကြောင်း လည်း သတင်းဌာန များ ကဖော်ပြ ပြောဆိုထားကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *