လာအိုနိုင်ငံ၌ လျှပ်စစ်ကားသုံးစွဲမှု မြှင့်တင်မည်

စက်တင်ဘာ ၂၈

      လာအိုနိုင်ငံ၌ သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးနှင့် လောင်စာဆီ ပြည်ပမှ တင်သွင်းမှ လျှော့ချရေးအတွက် လျှပ်စစ်ကားသုံးစွဲမှုမြှင့်တင်မည်ဖြစ်ကြောင်း စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီး ဌာနက စက်တင်ဘာ ၂၇ ရက်တွင် ပြောကြား သည်။

        လျှပ်စစ်ကားထုတ်လုပ်ရေးနှင့် လျှပ်စစ်ကားဘက်ထရီထုတ်လုပ်ရေးအတွက် မူဝါဒများချ မှတ်မည်ဖြစ်ပြီး လျှပ်စစ်ကားများအတွက် အားသွင်းရုံများကို တိုးချဲ့တည်ဆောက်မည်ဖြစ် သည်။ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေသည့် သက်ရောက်မှုများ မဖြစ်စေရန် သက်တမ်းလွန်ဘက်ထရီများကို ကိုင်တွယ်ဆောင်ရွက်ရာတွင်လည်း သဘာဝပတ်ဝန်းကျင်ကဏ္ဍနှင့် ညှိနှိုင်းဆောင်ရွက်သွားရန် လိုအပ်သည်ဟု တာဝန်ရှိသူများက ပြောကြားသည်။

        စက်မှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဗိုဗန်ဗီလာဗန်က လာအိုနိုင်ငံတွင် လျှပ်စစ်ကားများ အသုံးပြုခြင်းသည် လောင်စာဆီတင်သွင်းမှုအတွက် ဘတ်ဂျက်ကို လျှော့ချရန်အတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ထပ်လောင်းပြောကြားသည်။

         လာအိုအစိုးရသည် သယ်ယူပို့ဆောင်ရေးတွင် သန့်ရှင်းသောစွမ်းအင်အသုံးပြုမှုကို မြှင့်တင်ရန်အတွက်၂၀၂၅ ခုနှစ်တွင် လျှပ်စစ်ကားဆိုင်ရာ အစီ အမံတစ်ရပ်၊ ၂၀၃၀ ပြည့်နှစ်တွင် မဟာဗျူ ဟာတစ်ရပ်နှင့် ၂၀၅၀ ပြည့်နှစ်တွင် မျှော်မှန်းချက်တစ်ရပ် ထားရှိဆောင်ရွက်နေသည်။

Source ; Xinhua