“ရုရှားနိုင်ငံက အစ္စလာမ်ဘတ်နိုင်ငံများ၏ မြင့်တက်လာသော ပြည်တွင်း စွမ်းအင် လိုအပ်ချက်များ အား ဖြည့်ဆည်းပေး သည့် အနေဖြင့် ပါကစ္စတန်နိုင်ငံအား ရေနံဓာတ်ငွေ့ရည် LPG မက်ထရစ်တန်ချိန် ၁သိန်း ထိ တင်ပို့မှုများ ပြုလုပ်ခဲ့”

စက်တင်ဘာ ၂၈

တောင်အာရှဒေသ ရှိ နျူကလီးယားစွမ်းရည် ပိုင်ဆိုင်ထားသည့်နိုင်ငံဖြစ်သည့် ပါကစ္စတန် နိုင်ငံက ၎င်းတို့နိုင်ငံ၏ ဓာတ်ငွေ့ပြတ်လပ်မှု ကြီးထွားလာနေချိန်တွင် ရုရှားနိုင်ငံထံမှ ပထမဆုံး ရေနံဓာတ်ငွေ့ရည် (LPG) တင်ပို့မှုကို လက်ခံရရှိခဲ့ပြီဖြစ်ပါတယ်။

အဆိုပါ ဓာတ်ငွေ့ တင်ပို့မှုကို ပုဂ္ဂလိကကဏ္ဍမှ တင်သွင်းခဲ့ကြောင်း ပါကစ္စတန်နိုင်ငံ၏ တာဝန်ရှိသူများက ပြောကြားခဲ့ကြပြီး ပါကစ္စတန်နိုင်ငံရှိ ရုရှားနိုင်ငံ သံရုံး၏ အဆိုအရ ဓာတ်ငွေ့ မက်ထရစ်တန်ချိန် ၁ သိန်း ထိ တင်ပို့မှုသည် ယခုနှစ်အစောပိုင်းက ရုရှား – ပါကစ္စတန် နှစ်နိုင်ငံကြား သဘောတူညီချက်အရ ရုရှားရေနံစိမ်းများကို ပါကစ္စတန်မှ ပထမဆုံး တင်ပို့မှုများပြုလုပ်ခဲ့ပြီးနောက် လပိုင်း အကြာတွင် အိမ်နီးချင်း အီရန်နိုင်ငံမှတစ်ဆင့် ပါကစ္စတန်နိုင်ငံသို့ ပို့ဆောင်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။

“ရုရှားဟာ ရေနံအရည်ဓာတ်ငွေ့ (LPG) ပထမအသုတ် မက်ထရစ်တန် ၁၀၀,ဝဝဝ ပမာဏရှိတဲ့ တင်ပို့မှုကို အီရန်နိုင်ငံ Sarakhs အထူးစီးပွားရေးဇုန်ကနေ ပါကစ္စတန်တို့ကို ပေးပို့ခဲ့ပါတယ်” လို့ ရုရှားသံရုံးက ၎င်းတို့၏ Social Media ပေါ်တွင် ပြီးခဲ့သည့် စက်တင်ဘာ ၂၆ရက် အင်္ဂါနေ့တွင် ရေးသား ဖော်ပြခဲ့ပါတယ်။

ထို့နောက် ရုရှားနိုင်ငံမှ ပါကစ္စတန်နိုင်ငံသို့ ရေနံအရည်ဓာတ်ငွေ့ (LPG) တင်ပို့မှုများ အတွက် ဒုတိယအကြိမ်အဖြစ် ထပ်မံ တင်ပို့နိုင်ရန် အတွက် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နေကြပြီ ဖြစ်ကြောင်းလည်း ပါကစ္စတန် နိုင်ငံဆိုင်ရာ ရုရှားသံရုံးက ထုတ်ပြန်ချက်တွင် ထပ်လောင်း ဖော်ပြထားခဲ့ပြီးလည်းဖြစ်ပါတယ်။

သို့သော်လည်း ပါကစ္စတန်နိုင်ငံ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ ဝန်ကြီးဌာနမှ ပြောရေးဆို ခွင့်ရှိသူ အမျိုးသမီးက LPG ဓာတ်ငွေ့တွေကို အီရန်နိုင်ငံမှတစ်ဆင့် ပုဂ္ဂလိကကဏ္ဍဆိုင်ရာ မှ တင်သွင်းခဲ့တာဖြစ်ပြီး“အစိုးရက LPG ဓာတ်ငွေ့ကို တိုက်ရိုက် တင်သွင်းတာ မဟုတ်ဘူး”လို့ သူမ က ထပ်လောင်း ပြောဆိုခဲ့ပါတယ်။

အစ္စလာမာဘတ်နိုင်ငံတို့ ၏ မြင့်တက် လာနေသော ပြည်တွင်းနှင့် စက်မှုစွမ်းအင် လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန်အတွက် ရုရှားနိုင်ငံသည် ယခုနှစ် ဇန်နဝါရီလ မှစတင်ပြီး တွင် ပါကစ္စတန်နိုင်ငံ သို့ ရေနံနှင့် သဘာဝဓာတ်ငွေ့များ ကို လျှော့စျေးဖြင့် ပေးပို့ ကုန်သွယ်မှုများ လုပ်ဆောင်နိုင်ရန် သဘော တူညီမှုများ ပြုလုပ်ခဲ့ကြကြောင်း လည်း သတင်းဌာနများကဖော်ပြပြောဆိုထားကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *