ရန်ကုန်မြစ်အတွင်း ပန်းဆိုးတန်း-သန်လျင်ကို ရေယာဉ်စီးနင်းကာ အပန်းဖြေအလည်အပတ် ခရီးသွားသူ များလာ

စက်တင်ဘာ ၂၈

      ရန်ကုန်မြစ်အတွင်းမှ ပန်းဆိုးတန်း – သန်လျင်ကို star ferry ရေယာဉ်စီးနင်းပြီး အပန်းဖြေ အလည် အပတ်ခရီးအဖြစ် သွားလာသူများရှိလာကာ မြို့နေပြည်သူများ၏ စိတ်ဝင်စားသော ခရီး စဉ်တစ်ခုဖြစ်လာကြောင်း သိရပါသည်။

      အဆိုပါ ခရီးစဉ်အတွက် ပန်းဆိုးတန်းဆိပ် ကမ်းမှ သန်လျင် Star city ကိုရေယာဉ် ၁ နာရီကျော်ခန့် စီးနင်းရပြီး ရန်ကုန်မြစ်အတွင်း ရေ ယာဉ်စီးခြင်းကို အချို့က အပျော်စီးအနေနှင့်လည်း လာရောက်စီးနင်းမှုများ ရှိသည်ဟု သိရပါသည်။

      လက်ရှိတွင် Water Bus မှ အပျော်စီးခရီးစဉ်များ ရပ်နားထားသော်လည်း သန်လျင် Star city အိမ်ရာအနီးက ဆိပ်ခံတံတားနှင့် ပန်းဆိုးတန်းဆိပ်ကမ်းအနီး က Yangon Innovation Center Terminal တို့ကို ချိတ်ဆက်ပြေးဆွဲ နေသည်ဟုလည်း ဆိုပါသည်။

        အဆိုပါ Star ferry ရေယာဉ်ကို နေ့စဉ် နံနက် ၇ နာရီ မှ ည၇နာရီ အတွင်း ပြေးဆွဲပေးလျှက်ရှိရာ ခရီး စဉ်တစ်ကြောင်းကို လူပုဂ္ဂိုလ်တစ်ဦးအတွက် လက် မှတ်ခနှုန်းထား ၃၅၀၀ ကျပ်နှုန်း သတ်မှတ်ထားကြောင်း သိရပါသည်။

       ရန်ကုန်မြစ်အတွင်း အပျော်စီးနဲ့ star city အိမ်ရာအတွင်းက အပန်းဖြေအလည်အပတ် နေရာလေးများကို သွားလာတာအပါအဝင် ဆိပ် ကမ်းနှင့် အလှဓာတ်ပုံ ရိုက်လိုသူများအတွက် အားလပ်ရက်များတွင် Star ferry ကို စီးနင်သူ များကြကြောင်း သိရပါသည်။

#PAN