“မြောက်အာဖရိကတိုက် နိုင်ငံတစ်နိုင်ငံ ဖြစ်သည့်မော်ရိုကိုနိုင်ငံ သည် လာမည့် ၂၀၂၅ခုနှစ် အာဖရိကနိုင်ငံ များဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်”

စက်တင်ဘာ ၂၈

အာဖရိကဘောလုံးအဖွဲ့ချုပ် (Caf) ဥက္ကဋ္ဌ Patrice Motsepe က မော်ရိုကိုနိုင်ငံသည် ၂၀၂၅ခုနှစ် အာဖရိကနိုင်ငံများဖလားပြိုင်ပွဲ (Afcon) အတွက် အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့် စက်တင်ဘာ ၂၇ရက်နေ့ကကြေညာခဲ့တာဖြစ်ပါတယ်။

မြောက်အာဖရိကတိုက် နိုင်ငံဖြစ်သည့် မော်ရိုကိုနိုင်ငံသည် အဆ်ိုပါ အားကစား ပြိုင်ပွဲကြီးကို လွန်ခဲ့သည့် ၁၉၈၈ခုနှစ်တွင် ပထမဆုံး အကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး ယခုအခါ ဒုတိယ အကြိမ်မြောက် အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်လည်းဖြစ်ပါတယ်။

၂၀၂၅ ခုနှစ် အာဖရိကနိုင်ငံများဖလားပြိုင်ပွဲ ကြီးအား အိမ်ရှင်ပြိုင်ဖက်နိုင်ငံများဖြစ်သည့် အယ်လ်ဂျီးရီးယားနိုင်ငံ၊ ဇမ်ဘီယာနိုင်ငံ၊ဘီနင်၊ နိုင်ဂျီးရီးယားနိုင်ငံများ က ပူးတွဲ အိမ်ရှင်ဖြစ်ရေးတင်ပြမှုများမှ အားလုံး နုတ်ထွက်ကြရန် သဘောတူခဲ့ကြပြီး မော်ရိုကိုနိုင်ငံ တစ်နိုင်ငံတည်း သာ အိမ်ရှင် နိုင်ငံအဖြစ် ကျန်ရစ်ခဲ့တာဖြစ်ပါတယ်။

ထို့နောက် လာမည့် အာဖရိကနိုင်ငံများဖလား Afcon ၂၀၂၇ ကို ကင်ညာနိုင်ငံ၊ တန်ဇန်းနီးယားနိုင်ငံ နှင့် ယူဂန်ဒါနိုင်ငံတို့မှ ပူးတွဲ အိမ်ရှင်အဖြစ်ကျင်းပသွားကြမည်ဖြစ်ပြီး ယခုနှစ် အာဖရိကနိုင်ငံများဖလား Afcon ၂၀၂၃ ကို အိုင်ဗရီကို့စ်နိုင်ငံ တွင် ကျင်းပသွားမည် ဖြစ်ပြီး လာမည့်ဇန်နဝါရီ ၁၃ ရက်နေ့ ၂၀၂၄ ခုနှစ် တွင် စတင်ကျင်းပ သွားမည် လည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *