“မြောက်ကိုရီးယားအစိုးရက ၎င်းတို့နိုင်ငံအတွင်း နျူးကလီးယား စစ်လက်နက် အင်အားမြှင့်တင် ရေးများ ပြုလုပ်နိုင်ရန်အတွက် နိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေများကို ပြင်ဆင်မှုများပြုလုပ်ခဲ့”

စက်တင်ဘာ ၂၈

မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် Kim Jong Un က ၎င်းတို့နိုင်ငံအတွင်း နျူးကလီယား လက်နက် ထုတ်လုပ်မှုများကို အဆမတန် တိုးမြှင့်ထုတ်လုပ်သွားရန် နှင့် စစ်အေးခေတ်သစ်မှာ အမေရိကန် အပါအဝင် မဟာမိတ်အဖွဲ့ဝင်နိုင်ငံများအတွက် ပိုကြီးမားတဲ့ စိန်ခေါ်မှု အခန်းကဏ္ဍများကနေ ပါဝင်နိုင်ရန် အတွက် မြောက်ကိုရီးယားနိုင်ငံကို တောင်းဆို ထားတယ်လို့ နိုင်ငံပိုင်မီဒီယာက ယနေ့ ကြာသပတေးနေ့ တွင် ပြောကြားခဲ့ပါတယ်။

မြောက်ကိုရီးယား နိုင်ငံ၏ ပါလီမန် အစည်းအဝေးတွင် ခေါင်းဆောင် ကင်ဂျုံအွန် က ၎င်းတို့ နိုင်ငံ၏နျူကလီးယား လက်နက်အစီ အစဉ်များကို ချဲ့ထွင်နိုင်ရေးမူဝါဒများကို ထည့်သွင်းနိုင်ရန် မြောက်ကိုရီးယားနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်သည့် ၂ ရက်ကြာ အစည်းအဝေးကြီးအပြီးတွင် ပြောကြားခဲ့ကြောင်း မြောက်ကိုရီးယား ဗဟိုသတင်းအေဂျင်စီက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာ့ နျူးကလီယား ပါဝါ အင်အားကြီး နိုင်ငံများ၏ အားပြိုင်မှုများ နှင့် အဆိုးဆုံးခြိမ်းခြောက်မှုများ ဖြင့် ရင်ဆိုင်နေရသော မြောက်ကိုရီးယားနိုင်ငံ သည် ၎င်းတို့နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေများကို ပြင်ဆင်မှုများပြုလုပ်သွားမည်ဖြစ်ပြီး ခေါင်းဆောင် ကင်ဂျုံအန်း က အမေရိကန်၊ တောင်ကိုရီးယား နှင့် မဟာမိတ် နိုင်ငံများ အတွက် အကြီးမားဆုံးသော ခြိမ်းခြောက်မှု ကြီး အဖြစ် ပြုံယမ်း(မြောက်ကိုရီးယား)အစိုးရက မီးမောင်းထိုးပြခဲ့တာဖြစ်ပြီး ၎င်း၏ နျူကလီးယားစစ်လက်နက် အင်အားကို မြှင့်တင်နိုင်ရန်အတွက် မြောက်ကိုရီးယား နိုင်ငံ၏ ဥပဒေအား ပြောင်းလဲမှုများ ပြုလုပ်ခဲ့ကြောင်း KCNA သတင်းဌာနက မြောက်ကိုရီးယား ထိပ်သီးညီလာခံကြီး၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်ကို အတည်ပြုပြီးနောက် ထုတ်ပြန် ကြေညာ ခဲ့တာဖြစ်ပါတယ်။​

ထို့နောက် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန် က ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တွေ့ဆုံရန် ယခုလအတွင်း ရုရှားအရှေ့ဖျားသို့ ခရီးထွက်ခဲ့ပြီး စစ်ရေးနှင့် စစ်နည်းပညာဆိုင်ရာ နေရာများသို့ သွားရောက် လည်ပတ်မှုများ ပြုလုပ်ခဲ့ပြီးနောက် မြောက်ကိုရီးယား နိုင်ငံတွင် ပြီးခဲ့သည့် စက်တင်ဘာ ၂၆အင်္ဂါနေ့ နှင့် စက်တင်ဘာ ၂၇ရက် ဗုဒ္ဓဟူးနေ့များတွင် နိုင်ငံ၏ ထိပ်သီးအစည်းအဝေးများ ပြုလုပ်ခဲ့ကြောင်း သတင်းဌာနများ ကဖော်ပြပြောဆိုထားကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *